Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုတွင် စစ်ကောင်စီ ဒရုန်းဖြင့် တိုက်ခိုက်၍ TNLA ရဲဘော် ၁ဦးကျဆုံး ၊ ၄ဦးဒဏ်ရ

စစ်ကောင်စီတပ်သည် TNLAနှင့် အပစ်ရပ်စဲထားသော်လည်း TNLA တပ်စခန်း ရှိရာသို့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

စစ်တပ်လက်နက်ကြီးဖြင့်ပစ်​သောစခန်းပြ​မြေပုံ
စစ်တပ်လက်နက်ကြီးဖြင့်ပစ်​သောစခန်းပြ​မြေပုံ

▪︎အပစ်ရပ် သဘောတူညီချက်ကို စစ်ကောင်စီ အကြိမ်ကြိမ်ချိုးဖောက်နေဟု TNLA ထုတ်ပြန်

ထားမြတ်/People’s Spring

ရှမ်းပြာ်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော်(TNLA) တပ်စခန်းတစ်ခုကို စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်၍ TNLA တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

TNLA တပ်မဟာ(၂) စစ်ဒေသ နောင်ချိုမြို့နယ်ရှိ TNLA တပ်စခန်းတစ်ခုကို စစ်ကောင်စီက ဒရုန်း ၂စင်းဖြင့် ဗုံးကြဲတိုက်ခိုက်လာခြင်ဖြစ်ကြောင်း TNLA က ယနေ့ (ဇွန်လ ၁၉ရက်) မနက်ပိုင်းတွင်ဖော်ပြထားသည်။ ဒရုန်းဖြင့်တိုက်ခိုက်ခံရသည့် နေရာဒေသ နေ့ရက်ကို ဖော်ပြမထားပေ။

ထို့ပြင် ဇွန်လ ၁၈ရက် ညနေပိုင်းက နောင်ချို အုမ္မတီးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီက ဆမ္မဆယ်ရွာဘက်သို့ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ TNLA တပ်စခန်းရှိရာ ကျရောက်ပေါက်ကွဲခဲ့ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် TNLAနှင့် အပစ်ရပ်စဲထားသော်လည်း TNLA တပ်စခန်း ရှိရာသို့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

ဇွန်လ (၉) ရက်နေ့တွင်လည်း မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်မှ ပေါင် (၅၀၀) ဗုံးအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ TNLA တပ်သား ၃ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး တအာင်းတပ်မတော် တည်ရှိရာကို နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်​ကောင်စီတပ်ကဒရုန်းဖြင့်တိုက်၍ ကျဆုံးခဲ့​သောTNLA တပ်ဖွဲ့ဝင်
စစ်​ကောင်စီတပ်ကဒရုန်းဖြင့်တိုက်၍ ကျဆုံးခဲ့​သောTNLA တပ်ဖွဲ့ဝင်

အလားတူဇွန်လ(၁၆)ရက်ညနေပိုင်းကလည်း ဘန့်ဘွေကျေးရွာမှ စစ်ကောင်စီတပ်သည် ဆမ္မဆယ်ရွာသို့ ဒရုန်းဖြင့် ဗုံး(၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ညနေပိုင်း၌လည်း အုမ္မတီးနှင့် အုမ္မခါးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် သုံးဆယ်ကျေးရွာ (၈)ရပ်ကွက်သို့ လက်နက်ဖြင့် (၂)ကြိမ် ထပ်မံပစ်ခတ်ခဲ့ကြောင်း TNLAက ယခင်ရက်များ၌ ထုတ်ပြန်ထားသည်။

ထို့အပြင် ဇွန်လ(၁၅)ရက် ညပိုင်းက မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်သည် ဒိုပင်ကျေးရွာသို့ဦးတည်ကာ လက်နက်ကြီး (၆)ကြိမ်၊ နောင်ချိုမြို့နယ် အုမ္မတီးနှင့် အုမ္မခါးလမ်းခွဲမှနေ၍ ဆမ္မဆယ်ရွာဘက်သို့ လက်နက်ကြီး (၈)လုံး ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ ဒရုန်းနှင့်လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကျေးရွာဒေသခံအချို့ စိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေထိုင်ခဲ့ကြရသည်ဟုလည်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၁ရက်မှ ၁၆ရက်နေ့အတွင်း နောင်ချိုနှင့် မိုးမိတ်မြို့နယ်များအတွင်း လက်နက်ကြီး အကြိမ် ၄၀ကျော်နှင့် ဒရုန်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

ရှမ်း​မြောက်တွင် ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံးဖွဲ့(MNDAA၊ TNLA၊ AA )တိူ့က ၂၀၂၃ ​အောက်တိုဘာ ၂၇ ရက်မှစ၍ ၁၀၂၇ စစ်ဆင်​ရေးဖြင့် စစ်​ကောင်စီတပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်ရာ နှစ်လ​ကျော်အတွင်းစစ်​ကောင်စီတပ်မှာ မြို့​ပေါင်း တစ်ဒါဇင်​ကျော် နှင့် စစ်စခန်းရာ​ပေါင်းများစွာဆုံးရှုံးခဲ့သည်။ မြန်မာ-တရုတ် အဓိကနယ်စပ်မြို့ မူဆယ်နှင့် စစ်​ကောင်စီ၏ အ​ရှေ့​မြောက်ပိုင်းစစ်ဌာနချုပ်

(ရမခ)တည်ရှိရာ လားရှိူး မြို့အနီးသို့ ညီ​နောင်သုံးဖွဲ့တပ်များ​ရောက်ရှိ ဝိုင်းထားချိန်တွင် တရုတ်၏ ကြားဝင်မှု၊ဖိအား​ပေးမှု ဖြင့် ဆက်တိုက်မရ​တော့ဘဲ ဟိုက်ဂင်သ​​ဘောတူညီချက် အရဆိုကာ ၂၀၂၄ ဇန်နဝါရီ ၁၁ ရက်မှစ၍ အပစ်ရပ်ထားကြခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်ကဒရုန်းဖြင့်တိုက်၍ ကျဆုံးခဲ့​သောTNLA တပ်ဖွဲ့ဝင်နှင့် စစ်တပ်လက်နက်ကြီးဖြင့်ပစ်​သောစခန်းပြ​မြေပုံ။ဓါတ်ပုံ-TNLA)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

Facebook