Connect with us

Hi, what are you looking for?

သတင်း

တာချီလိတ်တွင် စစ်ကောင်စီအရာရှိများနှင့် ပေါင်းသင်းနေသည့် တရုတ်နိုင်ငံသားအချို့ထံမှ ခြင်္သေ့၊ကျား၊ဝက်ဝံ ၊ လက်နက်ခဲယမ်းနှင့်မူးယစ်ဆေးများ ဖမ်းမိ

တရုတ်နိုင်ငံသားလေးဦးကို တာချီလိတ်မြို့မရဲစခန်း၌ ဖမ်းဆီးထားသည်။ ဖမ်းမိသည့် တိရိစ္ဆာန်များကို မည်သည့်နေရာသို့ပို့မည်ကို မသိရသေးပေ။ အမှုကို လူစားထိုးရေး ကြိုးပမ်းမှုများရှိနေကြောင်းလည်း ဒေသခံအချို့ကပြောသည်။

(ဖမ်းဆီးရရှိ​​​ကြောင်း စစ်​ကောင်စီထုတ်ပြန်ခဲ့​သောခြင်္သေ့။ ဓါတ်ပုံ-စစ်​ကောင်စီ)
(ဖမ်းဆီးရရှိ​​​ကြောင်း စစ်​ကောင်စီထုတ်ပြန်ခဲ့​သောခြင်္သေ့။ ဓါတ်ပုံ-စစ်​ကောင်စီ)

‌‌ဇော်ရမ်း/People’s Spring

တာချီလိတ်မြို့နယ်တွင် စစ်ကောင်စီအရာရှိများနှင့် နီးကပ်သည့်ဆက်ဆံရေးရှိသည့် တရုတ်နိုင်ငံသားအချို့က လူ‌နေရပ်ကွက်အတွင်း တောရိုင်းတိရစ္ဆာန်များ တရားမဝင်မွေးမြူထားသည်ကို ဒေသခံများက ပြင်းထန်ထန်ဝေဖန်ကြပြီးနောက် အဆိုပါ နေရာအား ဝင်ရောက်ဖမ်းဆီးရာ ခြင်္သေ့၊ကျား ၊ဝက်ဝံ များအပြင် လက်နက်ခဲယမ်းနှင့်မူးယစ်ဆေးဝါးများလည်း ဖမ်းမိကြောင်း ဒေသခံများကပြောသည်။

“ဝမ်ကျောက်လုံဘက်မှာဗျာ။ လူနေရပ်ကွက်ထဲ ခြင်္သေ့တွေ ကျားတွေ မွေးထားတာ။ ကျတော်တို့ အကြိမ်ကြိမ်တိုင်တယ်။ မရဘူး။ အခုစစ်တပ်ကို ပိုင်တဲ့ ဘုန်းကြီးတွေကတဆင့် တိုင်မှ ဝင်ဖမ်းတော့တာ”ဟု မြို့ခံတစ်ဦးကပြောသည်။

တာချီလိတ်မြို၊ဝမ်ကျောက်လုံကျေးရွာ၊ အိမ်အမှတ် ဝကလ-၀၆၄ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇွန်လ ၁၉ရက်တွင် ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်။ အဆိုပါအိမ်မှတရုတ်နိုင်ငံသားလေးဦး မွေးထားသည့် ခြင်္သေ့ တစ်ကောင်၊ကျားတစ်ကောင်၊ ဝက်ဝံနှစ်ကောင်အား တွေ့ရှိခဲ့သလို သေနတ်ငါးလက်နှင့် မူးယစ်ဆေးဝါးအချို့လည်း တွေ့ရှိခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

” သတင်းရလို့ ဝင်ဖမ်းတာလို့ စကစက ထုတ်ပြန်တယ်။ အမှန်က သူတို့မဖမ်းရင် မရတော့လို့။ အဲ့ဒီအိမ်ကို စစ်တပ်ကကောင်တွေ ဝင်ထွက်နေတာ​တွေ့နေရတာပဲ။ခြင်္သေ့ကြီးဆိုဗျာ အကြီးကြီးပဲ။ လွတ်သွားရင် လူတွေသေမှာ” ဟု ဒေသခံတစ်ဦးကပြောသည်။

ယခုအခါ တရုတ်နိုင်ငံသားလေးဦးကို တာချီလိတ်မြို့မရဲစခန်း၌ ဖမ်းဆီးထားသည်။ ဖမ်းမိသည့် တိရိစ္ဆာန်များကို မည်သည့်နေရာသို့ပို့မည်ကို မသိရသေးပေ။ အမှုကို လူစားထိုးရေး ကြိုးပမ်းမှုများရှိနေကြောင်းလည်း ဒေသခံအချို့ကပြောသည်။

တာချီလိတ်မြို့သည် ထိုင်း၊လာအိုနိုင်ငံတို့ နှင့် ထိစပ်နေပြီးနာမည်ကျော် ရွှေတြိဂံဒေသ၌ပါဝင်နေသည်။တရုတ်နိုင်ငံသားများပိုင် လောင်းကစားဝိုင်းများ၊ ကျားဖြန့်လုပ်ငန်းများ၊ မူးယစ်ဆေးဝါးလုပ်ငန်းအများအပြားရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် ယင်းလုပ်ငန်းများ၌ပါဝင်ပတ်သက်နေကြောင်း မြို့ခံများကပြောသည်။

ယင်းလုပ်ငန်းများနှင့်ပတ်သက်၍လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း အဝေမတည့်မှုများ၊ ရန်ငြိုးထားမှုများပါရှိ​ကြောင်းလည်း ​ဒေသခံအချို့က​ပြောသည်။

ဖေဖော်ဝါရီလ ၂၀ရက်ညက တာချီလိတ်မြို့ ဟောင်လိတ်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲအရာရှိတစ်ဦးသည်အိုင်ဖုန်းလက်ဆောင်ပါသည့် ပါဆယ်ဗုံးဖြင့် ဖောက်ခွဲလုပ်ကြံခံလိုက်ရသည်။ အဆိုပါရဲ မျက်လုံးကွယ်သွားခဲ့သည်။ ရဲအချင်းချင်း လုပ်ကြံဖောက်ခွဲခြင်းဟု သတင်းများထွက်ပေါ်ခဲ့သည်။

ထို့အပြင် တာချီလိတ်မြို့တွင် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာကိုထမ်းများကိုယ်တိုင် ဓားပြမှုများကျူးလွနန်ခဲ့​သောဖြစ်ရပ်လည်းရှိသည်။ တာချီလိတ် မြို့နယ်မှ စစ်​ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ဒုဦးစီးမှူး အေးကိုကိုဦး ခေါင်းဆောင်သည့် ဓားပြအဖွဲ့ကို ဒေသခံများ၏သတင်းပေးမှုဖြင့် ဖေ​ဖော်ဝါရီလ ၂၉ ရက်တွင်ဖမ်းမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်