Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ခံစစ်ရှောင်များ ပြန်လည်နေထိုင်

ဇွန်လ ၂၅ရက်မှစတင်သည့် တိုက်ပွဲကာလ၌ ကျောက်မဲမြို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး အရပ်သားသေဆုံးမှုများလည်းရှိခဲ့သည်။

(မြို့သိမ်းတိုက်ပွဲဆင်နွှဲသည့် ဇွန်လ ၂၅ရက်က ကျောက်မဲမြို့မြင်ကွင်း။ ဓာတ်ပုံ - CJ)
(မြို့သိမ်းတိုက်ပွဲဆင်နွှဲသည့် ဇွန်လ ၂၅ရက်က ကျောက်မဲမြို့မြင်ကွင်း။ ဓာတ်ပုံ - CJ)

ယောနသံ/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်သို့ ပြီးခဲ့ရက်ပိုင်းက တိုက်ပွဲများကြောင့် တိမ်းရှောင်နေသော ဒေသခံပြည်သူ များမှာ ပြန်လည်ဝင်ရောက်နေထိုင်ကြပြီဟု သတင်းရရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ဇွန်လ ၂၅ရက်မှစ၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် ဒေသခံများသည် မြို့အပြင် အနီးနားကျေးရွာများသို့ သွားရောက်တိမ်းရှောင်ခဲ့ကြပြီး ဇူလိုင် ၅ရက်ကစ၍ တဖြေးဖြေး ပြန်ဝင်ရောက် လာခြင်းဟု သတင်းရရှိသည်။

(မြို့သိမ်းတိုက်ပွဲဆင်နွှဲသည့် ဇွန်လ ၂၅ရက်က ကျောက်မဲမြို့မြင်ကွင်း။ ဓာတ်ပုံ - CJ)
(မြို့သိမ်းတိုက်ပွဲဆင်နွှဲသည့် ဇွန်လ ၂၅ရက်က ကျောက်မဲမြို့မြင်ကွင်း။ ဓာတ်ပုံ – CJ)

” စစ်ဘေးရှောင်နေတဲ့မြို့ခံတွေ ပြန်ဝင်လာကြပြီ။ မြို့ထဲမှာက တိုက်ပွဲမဖြစ်တော့ဘူး။ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်တော့ကြောက်ရသေးတယ်။ ဒါပေမဲ့မြို့ခံတွေပြန် ဝင်လာကြပြီ”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်မဲမြို့ပေါ်ရှိ စစ်ကောင်စီစခန်းများနှင့် ဌာနဆိုင်ရာရုံးများအားလုံးကို TNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူထားသည်။

မြို့မြောက်ဘက် (၂)မိုင်အကွာရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း အမှတ်(၅၀၁၊ ၅၀၂)တပ်စခန်းနှစ်ခု ကျန်ရှိနေသေးသည်။ ယင်းနေရာကို တိုက်ပါက စစ်ကောင်စီကမြို့ကို ဗုံးကြဲတိုက်ခိုက်နေ၍ TNLAက ထိုးစစ်ရပ်ထားခြင်းဟု ဒေသခံအချို့က ပြောသည်။

” TNLA တပ်သားတွေက မြို့ထဲကင်းပတ်တယ်။ ရဲတပ်ဖွဲ့က လုံခြုံရေးရော၊ တခြားအမှုကိစ္စတွေပါ ထိန်းနေတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

(မြို့သိမ်းတိုက်ပွဲဆင်နွှဲသည့် ဇွန်လ ၂၅ရက်က ကျောက်မဲမြို့မြင်ကွင်း။ ဓာတ်ပုံ - CJ)
(မြို့သိမ်းတိုက်ပွဲဆင်နွှဲသည့် ဇွန်လ ၂၅ရက်က ကျောက်မဲမြို့မြင်ကွင်း။ ဓာတ်ပုံ – CJ)

အနက်ရောင်ဝမ်းဆက်ယူနီဖောင်းဝတ် TNLA ရဲတပ်ဖွဲ့ဝင်အများအပြားကို ကျောက်မဲမြို့နေရာအများစု၌တွေ့ရပြီး ဆိုင်ကယ်ဖြေးဖြေးမောင်းရန်၊ ကားမှန်ချမောင်းရန် ပြောဆိုကြောင်း ကိုယ်တိုင်တွေ့ရှိခဲ့ ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

မြို့သည်ပြန်လည်စည်ကားခြင်းမရှိသေးသော်လည်း နံနက်ပိုင်းစျေးများ ပြန်ဖွင့်ထားကာ စားသောက်ကုန်များဝယ်ယူ၍ရကြောင်း သိရသည်။

ဇွန်လ ၂၅ရက်မှစတင်သည့် တိုက်ပွဲကာလ၌ ကျောက်မဲမြို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး အရပ်သားသေဆုံးမှုများလည်းရှိခဲ့သည်။

လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ ၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်များတွင် ဇွန်လ ၂၅ရက်မှဇူလိုင် ၆ရက်အထိ အရပ်သား ၄၄ဦး သေဆုံးပြီး ၅၇ ဦးဒဏ်ရာရခဲ့ရာ ကျောက်မဲနှင့် လားရှိုးမြို့တွေအများဆုံးဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြိုနယ် ပုံဝိုးကျေးရွာအုပ်စုအတွင်းမှာ ဒီကနေ့ မတ်လ ၁၀ရက်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။