Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုတပ်စခန်းများသိမ်းပိုက်မှု အတွဲလိုက်ဒုံးနှင့်လေယာဉ်ပစ်အပါအဝင် လက်နက် ၆၀၀ကျော်ရ

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ ၆၀၀ ကျော် သိမ်းဆည်းရမိခဲ့သည်ဟုလည်း အသိပေးသည်။

(နောင်ချိုမြို့စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော TNLAနှင့် မန္တလေး PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော TNLAနှင့် မန္တလေး PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

▪️နောင်ချိုမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သား ၁၀ဦး အသက်ဆုံးရှုံးရဟု TNLA အသိပေး

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို တအာင်းတပ်မတော်(TNLA)နှင့် ပူးပေါင်းတပ်များက အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ပြီး မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ အတွဲလိုက်ဒုံးနှင့် လေယာဉ်ပစ် လက်နက်အပါအဝင် လက်နက်မျိုးစုံ အလက် ၆၀၀ ကျော်သိမ်းပိုက်ရရှိခဲ့သည်ဟု TNLAက ယနေ့(ဇူလိုင် ၁၁ရက်) ထုတ်ပြန်သည်။

ဇွန်လ ၂၅ရက်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)တွင် နောင်ချို့မြို့သည် ပထမဆုံး အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်သည့် မြို့ဖြစ်ပြီး TNLAနှင့်အတူ မန္တလေး PDF၊ DPLA တပ်များက ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နောင်ချိုမြို့၌ နောက်ဆုံးကျန်နေသည့် အမှတ်(၆၀၆) ဒုံးတပ်ရင်း ကို ဇူလိုင် ၁၀ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် စစ်ကောင်စီ စကခ(၁)၊ ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒုံးတပ်ရင်း(၆၀၆)တပ်ရင်း တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊ လေယာဉ်ပစ်လက်နက် (၂)လက်၊ Radar စက် (၁)လုံး၊ လက်နက်မျိုးစုံ (၁၃၉)လက်၊ ၆၀ မမ (၁၅)လက်၊ ၈၀ မမ (၂)လက်၊ ဆလက် (၁၇) လက်၊ ဒုံးပစ်ကျည် (၁၀)သေတ္တာ၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့ဟု ဖော်ပြသည်။

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ ၆၀၀ ကျော် သိမ်းဆည်းရမိခဲ့သည်ဟုလည်း အသိပေးသည်။

စစ်ဆင်ရေးစတင်ပြီး နှစ်ပတ်အတွင်း နောင်ချိုရှိ စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ(၁၁၄)၊ ခမရ(၁၁၅)၊ ဒတရ(၆၀၆)နှင့် အုမ္မတီး၊ အုမ္မခါးစခန်း၊ ကျောက်ကြမ်းစခန်း၊ ရွှေညောင်ပင်စခန်း၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊ ဘူတာရုံနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နောင်ချိုမြို့ရှိတပ်စခန်းများ တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုအကြိမ် ၁၀၀ ကျော်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့် အကြိမ် ၂၃၀ ကျော်ပစ်ကူပေးခဲ့ကြောင်းဖော်ပြသည်။ Jet Fighter (၆၀)ကြိမ်၊ Y12 လေယာဥ် (၄၂)ကြိမ်၊ Mi35 (၅)ကြိမ်၊ လက်နက်ကြီးဖြင့် (၂၃၈) ကြိမ်၊ အတွဲလိုက်ဒုံး (၃၁)လုံး၊ ပေါင် ၅၀၀ ဗုံး (၂)လုံး နှင့် အဆိပ်ငွေ့ဗုံး (၄)လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ဒုံးတပ်ရင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထောက်ပို့ယာဉ်ဖြင့် (၈)ကြိမ် လက်နက်ခဲယမ်းများ လာရောက်ကျဲချခဲ့သည်ဟု ဆိုသည်။

နောင်ချိုတပ်စခန်းများကို တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီဘက်က အရပ်ဘက်ကို ဦးတည်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။ထိုသို့ တိုက်ခိုက်ခဲ့၍ ဒေသခံ ၁၀ဦး သေဆုံးခဲ့ပြီး၊ ၉ ဦး ဒဏ်ရာရခဲ့ဟု အသိပေးသည်။ ထို့ပြင် ဘုန်းကြီးကျောင်း (၂)ကျောင်း လေယာဥ်ဗုံးစထိမှန်ပျက်ဆီးခဲ့ပြီး လူနေအိမ် (၉)လုံး မီးလောင်ခဲ့သည်ဟု ဆိုသည်။

TNLAနှင့်မဟာမိတ်ပူးပေါင်းတပ်များသည် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ဆင်ရေး နှစ်ပတ်ခန့်အတွင်း စစ်ကောင်စီ တပ်စခန်း ၄၀ ကျော်သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်နဲ့ SNA အထိနာလို့ မြစ်ကြီးနားဆေးရုံအထိ ပို့ဆောင်ကုသ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်း၊ စဥ်ကူးမြို့တို့မှာ ဒီကနေ့ မနက်က ငလျင် ၂ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးဒေသက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်စခန်း ၄ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေကြောင်း KIAသတင်းပြန်ကြားရေးဌာနက နိုဝင်ဘာ ၁ရက်မှာ သတင်းဖော်ပြပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ နဲ့ နောင်ချိုမြို့ကနေ ဆုတ်ခွားပေးလိုက်ရတဲ့အပေါ် သင်ခန်းစာတွေရယူပြီး လိုအပ်တဲ့ပြင်ဆင်မှုနဲ့ အားသာချက်၊အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောကြားပါတယ်။