Connect with us

Hi, what are you looking for?

သတင်း

နမ့်စန်တွင် စစ်ကောင်စီဖမ်းဆီးထားသည့် တပ်ဖွဲ့ဝင် ၅ဦးဖြစ်စဉ် RCSS ထုတ်ပြန်ရှင်းလင်း

RCSSသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံလျက်ရှိသည့် ရှမ်းတပ်ဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု မရှိပေ။

( RCSS တပ်သား ငါးဦးထံမှ စစ်ကောင်စီတပ်သိမ်းထားဆိုသော လက်နက်ခဲယမ်းများဓါတ်ပုံကို စစ်​ကောင်စီ ထုတ်ပြန်ထားမှု ။ ဓာတ်ပုံ - RCSS)
( RCSS တပ်သား ငါးဦးထံမှ စစ်ကောင်စီတပ်သိမ်းထားဆိုသော လက်နက်ခဲယမ်းများဓါတ်ပုံကို စစ်​ကောင်စီ ထုတ်ပြန်ထားမှု ။ ဓာတ်ပုံ - RCSS)

▪️RCSS ရဲဘော်ငါးဦးက KIAထုတ် လက်နက် များ ကရင်နီတပ်များထံပို့ဆောင်ဟု စစ်ကောင်စီဆို

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်း လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီတပ်ဖမ်းမိထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်ဖွဲ့ဝင်များသည် အဖွဲ့မှ ခွင့်ယူထားသူများဖြစ်သည်ဟု RCSSက ထုတ်ပြန်ရှင်းလင်းသည်။

ဇူလိုင် ၁၂ရက်တွင် နမ့်စန်မြို့နယ်အတွင်း RCSS တပ်ဖွဲ့ဝင် ၅ဦးအား လက်နက်များနှင့်အတူ ဖမ်းမိထားကြောင်း စစ်ကောင်စီ​၏ ထုတ်ပြန်ထားသည့်အပေါ် RCSSက ယခုကဲ့သို့ ဖြေရှင်းခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်တွင် RCSS တပ်ဖွဲ့ဝင် ၅ဦးနှင့်အတူ လက်နက်မျိုးစုံ ၁၅လက်၊ ကျည်မျိုးစုံ လေးသောင်းကျော် ဗုံးသီးများကို စစ်ကောင်စီဘက်က ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

RCSS၏ ယခုထုတ်ပြန်ချက်တွင် ၎င်းတို့ အနေဖြင့် တရားမဝင်လက်နက်ခဲယမ်းမီးကျောက်များ ရောင်းဝယ်ခြင်းကို အဖွဲ့အစည်းအတွင်းတင်းကြပ်စွာ တားမြစ်ထားကြောင်း၊ တပ်ဖွဲ့ဝင်များအား တရားမဝင် လက်နက်ခဲယမ်း မီးကျောက်များရောင်းဝင်ခြင်းတွင် လုံး၀ပါဝင်ပတ်သက်ခြင်း မရှိစေရေး အတွက်လည်း စဉ်မျဉ်းစည်းကမ်းများ ချမှတ် ထားကြောင်း ဖော်ပြထာသည်။

ယခုဖြစ်စဉ်တွင် ပါဝင်သူ RCSS တပ်ဖွဲ့ဝင် ၅ဦးသည် ခွင့်ယူထားသည့် ကာလတွင် ၎င်းတို့၏ မိတ်ဆွေ အပေါင်းအသင်းများနှင့် ပူးပေါင်း၍ အဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ပြီး ၎င်းတို့ သဘောဆန္ဒအလျောက် လက်နက်ခဲယမ်း မီးကျောက်ရောင်းဝယ်ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းထားသည်။

RCSSသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံလျက်ရှိသည့် ရှမ်းတပ်ဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု မရှိပေ။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် RCSS/SSA အဖွဲ့မှ အရာရှိ အပါအဝင် ၅ဦးသည် ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီကို တိုက်ခိုက်နေသည့် KNPP၊ KNDF၊ KNLAအဖွဲ့များထံသို့ ပို့ဆောင်မည့် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ဟု ထုတ်ပြန်ထားသည်။

ဇူလိုင် ၁၂ ရက်တွင် နမ့်စန်မြို့နယ်၊ မတ်ကျန်းကျေးရွာအနီး နားရိုင်းကျေးရွာလမ်းခွဲ၌ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး RCSS တပ်ဖွဲ့ဝင် ၅ဦးထံမှ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ထုတ်လုပ်သည့်လက်နက်များ သိမ်းရခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။

ယင်းတို့မှာ KA (၄၀ မမ) ငါးလက်၊ ၄၀ မမဆုံလည်(၆ လုံးတွဲ) ငါးလက်၊ ၄၀မမ တစ်လုံးထိုး ငါးလက်နှင့်ကျည်များအသုံးအဆောင်များဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်