Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့ကို TNLA ထိန်းချုပ်

မိုးမိတ်မြို့ပေါ် တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးသည် ဇူလိုင်လ ၁၄ ရက်ကတည်းက ထွက်ပြေးသွားပြီး ယခုအခါ TNLA ရဲတပ်ဖွဲ့က မြို့လုံခြုံရေးယူထားကြောင်း ဒေသခံများကပြောသည်။

TNLA တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ-TNLA)

မိုးမိတ်မြို့ပေါ် တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးသည် ဇူလိုင်လ ၁၄ ရက်ကတည်းက ထွက်ပြေးသွားပြီး ယခုအခါ TNLA ရဲတပ်ဖွဲ့က မြို့လုံခြုံရေးယူထားကြောင်း ဒေသခံများကပြောသည်။

“မြို့ထဲမှာ စစ်တပ်မရှိတော့ဘူး။ အကုန်ထွက်ပြေးတာ။ခိုးဆိုးလုယက်တာတွေ ဖြစ်မှာစိုးလို့ TNLA ရဲတွေက မြို့ကို ပတ်ပြီး လုံခြုံရေးယူပေးတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

အနက်ရောင်ယူနီဖောင်းဝတ်TNLA ရဲတပ်ဖွဲ့က ကားများ၊ ဆိုင်ကယ်များဖြင့် ကင်းလှည့်နေခြင်းဟု သတင်းရရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးမိတ်မြို့နှင့် ၂မိုင်ခန့်အကွာ မြို့ပြင်ရှိ စကခ-၂၁၊ ခလရ-၂၂၃တို့၌ သွားရောက်ပူးပေါင်းနေကြပြီး ထိုတပ်ရင်းများကို TNLA က ဆက်လက်တိုက်ခိုက်နေသည်။ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး အသုံးပြုတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

မိုးမိတ်မြို့​ပေါ်ရှိ စစ်​ကောင်စီတပ်စခန်းများကို KIA ဦး​ဆောင်​သော ​တော်လှန်​ရေးတပ်ဖွဲ့များက ၂၀၂၄ ဇန်နဝါရီ လတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစစ်​ကောင်စီတပ်စခန်းများသိမ်းပိုက်နိုင်ခဲ့​သည်။သို့​သော် ​နောက်ပိုင်းတွင် ထိုးစစ်ကိုရပ်တန့်ပြီး ပြန်လည်ဆုတ်ခွာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူမှာ စစ်ရေးတင်းမာနေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ စစ်တပ်က စစ်မှုထမ်းစေခိုင်းဖို့အတွက် အတင်းအဓမ္မလူသစ်စုဆောင်းမှုနဲ့ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့နယ်၊ရွှေတောကျေးရွာဘက်ကိုစစ်တပ်ကလေကြောင်းက​နေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။