Connect with us

Hi, what are you looking for?

သတင်း

ရှမ်း‌မြောက်တိုက်ပွဲများကြောင့် မြို့နယ် ၅ခုမှ ဒေသခံစစ်ရှောင် သုံးသောင်းကျော်ရှိလာဟု SSPP အသိပေး

ရှမ်းမြောက်စစ်ဆင်ရေးဒုတိယလိုင်း ပဋိက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာကြရသည့် လားရှိး၊ သီပေါ၊ နောင်ချိုနှင့် မိုးမိတ်နှင့် မိုးကုတ်မြိုနယ်တို့မှ စုစုပေါင်း စစ်ဘေးရှောင်လူဦးရေသည် သုံးသောင်းကျော်အထိ ရှိ လာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

ရှမ်းမြောက် သီပေါမြို့ ဆင်ကျော့ကျေးရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာကြသည့် ဒေသခံစစ်ဘေးရှောင်များအား တွေ့ရစဉ်။ဓာတ်ပုံ - SSPP

ဟန်နွေ/People’s Spring

ရှမ်းမြောက်စစ်ဆင်ရေးဒုတိယလိုင်း ပဋိက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာကြရသည့် လားရှိး၊ သီပေါ၊ နောင်ချိုနှင့် မိုးမိတ်နှင့် မိုးကုတ်မြိုနယ်တို့မှ စုစုပေါင်း စစ်ဘေးရှောင်လူဦးရေသည် သုံးသောင်းကျော်အထိ ရှိ လာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

တအာင်းတပ်မတော်(TNLA)ပါဝင်သည့် မဟာမိတ်တပ်များက ဇွန်လ ၂၅ရက်မှစ၍ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဖော်ဆောင်ကာ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။ ထို့ပြင်ဇူလိုင် ၃ရက်တွင်လည်း ကိုးကန့်တပ်မတော်(MNDAA)နှင့်မဟာမိတ်များက လားရှိုးမြို့ကို ထိုးစစ်ဆင်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

လားရှိုးမြို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိရာ လက်နက်ကြီး၊လေကြောင်း နှင့် တိုက်ပွဲများအတွင်း အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့ပြီး မြို့ခံအများအပြားလည်း စစ်ဘေးရှောင်နေကြရသည်။

စစ်ဘေးတိမ်းရှောင်နေသူများအနက် လားရှိုးမှ သီပေါမြိုနယ်သို့ စစ်ဘေးဒဏ်ကြောင့် နေရပ်စွန်ခွာထွက်ပြေးလာကြသည့် လားရှိးမြို့နယ် နှင့် မိုင်းရယ်မြိုနယ်မှ ဒေသခံပြည်သူများသည် ဆင်ကျော့ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေကြောင်း SSPPက ထုတ်ပြန်ခဲ့ပြီး ၎င်းတို့ စားဝတ်နေရေးအတွက် အကူအညီပေးခဲ့ဟု အသိပေးသည်။

ဆင်ကျော့ကျေးရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာကြသည့် ဒေသခံစစ်ဘေးရှောင် ၄၀၀ ကျော်ရှိရာ SSPP/SSA မှ ကျပ် ၂၅သိန်းကျော် တန်ဖိုးရှိ စားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်းများအား သွား‌ ရောက်ကူညီထောက်ပံ့ပေးခဲ့ဟု ထုတ်ပြန်ထားသည်။

လားရှိုးအပါအဝင် ရှမ်းမြောက်တိုက်ပွဲဖြစ်ပွားရာဒေသများ၌ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများကြောင့်အရပ်သားသေဆုံးထိခိုက်မှုများ နေ့စဉ်ဖြစ်ပွားလျက်ရှိရာ စစ်ဆင်ရေး စတင်ချိန်မှ ယမန်နေ့ (ဇူလိုင် ၁၇ရက်)အထိ အရပ်သား ၇၆ဦးထက်မနည်းသေဆုံးကာ ၁၁၀ကျော် ဒဏ်ရာရရှိထားကြောင်း TNLA၏ထုတ်ပြန်ချက်အရ သိရသည်။

(ရှမ်းမြောက် သီပေါမြို့ ဆင်ကျော့ကျေးရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာကြသည့် ဒေသခံစစ်ဘေးရှောင်များအား တွေ့ရစဉ်။ဓာတ်ပုံ – SSPP)

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်နေစဉ်မှာ ကျောက်မဲမြို့ကပေါ်ကနေ အဏာသိမ်းစစ်တပ်က ဒီက​နေ့မှာ တိုက်လေယာဉ်အနိမ့်ပျံပြီးခြိမ်းခြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖိအားပေးတာတရားဝင်ပြောတာမရှိ၊ လတ်တလောအပြောင်းအလဲမရှိဂိတ်တွေဆက်ထိုင်ထားဟု KIA ပြော

သတင်း

အာဏာသိမ်းစစ်တပ်က ရက္ခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့လို့ ပြည်သူ ၅ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)ကထုတ်ပြန်ခဲ့ပါတယ် ။ဒါဟာ သုံးပတ်အတွင်း စစ်တပ်လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အာရက္ခဒေသခံပြည်သူ၁၇ဦးထိသေဆုံးကာ ၃၇ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။