Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက်၍ ဘုန်းကြီးကျောင်းပျက်စီး၊ ပြည်သူတစ်ဦး သေဆုံး

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ သေဆုံးထိခိုက်မှုထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း မင်းတပ်ဒေသသတင်းရင်းမြစ်က အသိပေးထားသည်။

မင်းတပ်မြို့ အနောက်ဘက်ရှိ တိုက်နယ်(၁၂) အတွင်း လေကြောင်းမှ ဗုံးကြဲပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ သေဆုံးထိခိုက်မှုထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း မင်းတပ်ဒေသသတင်းရင်းမြစ်က အသိပေးထားသည်။

ဇူလိုင် ၁၇ရက် ညသန်းခေါင်တွင် စစ်ကောင်စီ တိုက်လေယာဉ်သည် မင်းတပ်မြို့ အနောက် ဘက်ရှိ တိုက်နယ်(၁၂)အတွင်း လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မင်းတပ်မြို့ အနောက်ဘက်ရှိ တိုက်နယ်(၁၂) အတွင်း လေကြောင်းမှ ဗုံးကြဲပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – HKL-Mindat

” ဘုန်းကြီးကျောင်း တစ်ကျောင်းထိခိုက်ပျက်စီးသွားပြီး ပြည်သူတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ကြားသိရပါတယ်” ဟု မင်းတပ်ဒေသ သတင်းရင်းမြစ်က ယနေ့တွင် လူမှုကွန်ရက်၌ ရေးသားအသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ယမန်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်သည် မင်းတပ်နှင့် ယောအစပ်နေရာများကို လက်နက်ကြီး၊ အတွဲလိုက်ပစ် လက်နက်ကြီးများဖြင့် အချက် ၄၀ခန့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင်လည်း ထိခိုက်ပျက်စီးမှုများ ရှိသည်ဟု ဒေသသတင်းရင်းမြစ်က အသိပေးထားသည်။

မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ် (CDF)ကလည်း လေကြောင်းတိုက်ခိုက်ခံရမှုကို အသိပေးထားရာ တိုက်နယ်(၁၂)တွင် ယမန်နေ့ည လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း ပြည်သူ တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းပျက်စီးခဲ့ဟု ထုတ်ပြန်ခဲ့သည်။

မင်းတပ်မြို့ အနောက်ဘက်ရှိ တိုက်နယ်(၁၂) အတွင်း လေကြောင်းမှ ဗုံးကြဲပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – HKL-Mindat

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်တွင် တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီး၊လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိရာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများလည်း မကြာခဏရှိခဲ့သည်။

(မင်းတပ်မြို့ အနောက်ဘက်ရှိ တိုက်နယ်(၁၂) အတွင်း လေကြောင်းမှ ဗုံးကြဲပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – HKL-Mindat)

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

Facebook