Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ် ထုံးကြီးရွာစခန်းတိုက်ပွဲ စစ်ကောင်စီတပ်နှင့်ပျူ ၄ဝ ဖမ်းမိ

စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်လယ်ရှိ ထုံးကြီးကျေးရွာစစ်ကောင်စီစခန်းကို မန္တလေး PDF ဦး‌ဆောင်သည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ယနေ့(ဇူလိုင် ၁၈)ညနေပိုင်း၌ တိုက်ခိုက်သိမ်းယူစဉ် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၄၀ဦးအား ဖမ်းမိထားကြောင်း သတင်းရရှိသည်။

စဉ့်ကူးမြို့နယ် နွယ်ရုံရဲစခန်းသိမ်းတိုက်ပွဲပြီးနောက် တွေ့ရသော မန္တလေး PDFမှ ရဲဘော်များ။ ဓာတ်ပုံ - မန္တလေး PDF

ယောနသံ/People’s Spring

စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်လယ်ရှိ ထုံးကြီးကျေးရွာစစ်ကောင်စီစခန်းကို မန္တလေး PDF ဦး‌ဆောင်သည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ယနေ့(ဇူလိုင် ၁၈)ညနေပိုင်း၌ တိုက်ခိုက်သိမ်းယူစဉ် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၄၀ဦးအား ဖမ်းမိထားကြောင်း သတင်းရရှိသည်။

“ရွာသာယာဘက်ကို ထွက်ပြေးသူတွေလည်း ရှိတယ်။ ဖမ်းမိထားတာက ၄၀ဦးပါ။ စစ်ဆေးနေဆဲပါပဲ။ ထုံးကြီးရွာစခန်းကို အပြီးရပါပြီ”ဟု တိုက်ခိုက်ရာတွင်ပါဝင်သော ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထုံးကြီးရွာတွင် ပျူစောထီးများရှိပြီး စစ်ကောင်စီက အခိုင်အမာတပ်စွဲထားသည့် ဧရာဝတီမြစ် လယ်ရှိ ကျေးရွာဖြစ်သည်။ အဆိုပါကျေးရွာမှ ဘေးပတ်ဝန်းကျင်ရွာများသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်ရာ အရပ်သားပြည်သူများ မကြာခဏသေဆုံးမှုရှိခဲ့သည်။

ထုံးကြီးရွာကို မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်ဒုတိယပတ်အတွင်း စတင်တိုက်ခိုက်ခဲ့ပြီး ဧရာဝတီမြစ်ရေတက်လာ၍ တိုက်ပွဲကြာမြင့်ခဲ့သည်။

ယမန်နေ့(ဇူလိုင် ၁၇ရက်)ညက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်အစောပိုင်းတွင် အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။

စစ်ကောင်စီအရာရှိအချို့နှင့် ပျူစောထီးအချို့ ရေကြောင်းမှ ထွက်ပြေးလွတ်မြောက်သွားသော်လည်း စုစုပေါင်း ၄၀ဦးကို ဖမ်းဆီးထားနိုင်သည်ဟု သတင်းရရှိသည်။

ယမန်နေ့တိုက်ပွဲအတွင်း ဧရာဝတီမြစ်ကြောင်းမှတဆင့်ထွက်ပြေးရန်ကြိုးပမ်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းမိခဲ့သည်။

” ထုံးကြီးရရင် စဉ့်ကူးက ရနေပြီ။ မန္တလေး PDF သတင်းထုတ်ပြန်ပါလိမ့်မယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဇူလိုင် ၁၇ရက် ည ၇ နာရီခန့်က စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်စိုးအောင် ရပ်ကွက်ရှိ စာသင်ကျောင်းအနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသား သုံးဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဂျက်ဖိုက်တာနဲ့ လာပစ်တာ။ အဒေါ်ကြီးတစ်ယောက်လသေတယ်။ ရှောင်ချိန်ကိုမရဘူး။ မထင်မှတ်ဘဲလာပစ်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စဥ့်ကူးမြို့ကိုလည်း PDF များက ထိန်းထားနိုင်ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူမှုများကြောင့် မြို့ရှိနေအိမ်ရာချီ မီးလောင်ကျွမ်းပျက်စီးနေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ကျောက်မြောင်းတံတားပိတ်ထား၍ စစ်ဘေးရှောင်များ ရွှေဘိုမြို့နယ်ဘက်သို့ကူးသန်း၍မရဘဲ စဥ့်ကူးမြို့အနီး ပိတ်မိနေကြောင်း သိရသည်။

စဉ့်ကူးမြို့တွင် လက်ရှိနောက်ဆုံးကျန်သောစစ်ကောင်စီစခန်းမှာ ရွာသာယာစခန်းဖြစ်ပြီး ယင်းရွာ၌ စစ်ကောင်စီအင်အားအနည်းငယ်သာရှိသည်ဟု သိရှိရသည်။

ဇွန်လ၂၅ရက်မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)နှင့်အတူ ရှမ်းမန်းစစ်ဆင်ရေးအတွင်း စဉ့်ကူးမြို့နယ်ရှိ ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်း၊ ပင်လယ်ကြီးစခန်းအပါအဝင် စခန်း ၁၁ခုကို မန္တလေး PDFနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။