Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတိုက်ပွဲမှ ထွက်ပြေးလာသောစစ်သားနှစ်ဦး PDF ဖမ်းမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား နှစ်ဦးကို လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးရမိကြောင်း ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်းက သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရမိသော စစ်သားနှစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်း

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား နှစ်ဦးကို လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးရမိကြောင်း ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်းက သတင်းထုတ်ပြန်သည်။

မတ္တရာမြို့နယ် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို မန္တလေး PDFနှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်စဥ် ဆုတ်ခွာထွက်ပြေးသွားသော စစ်သားများကို ရွှေဘိုခရိုင်အမှတ်(၁၈) တပ်ရင်း ဖြတ်တောက်ရေးတပ်ဖွဲ့နှင့် နယ်မြေခံ ပကဖများက လမ်းမှ ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားအချို့ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း နှစ်ဦးကို ဖမ်းဆီးရမိပြီးMA-11 သေနတ် တစ်လက်၊ G-‌3 သေနတ် တစ်လက်၊ BA-100 ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်းတစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်(၁၈) တပ်ရင်းက ယနေ့(ဇူလိုင် ၁၉ရက်) ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

ဖမ်းဆီးရမိသည့်နေ့ရက်နှင့် နေရာကိုမူ အသိပေးထားခြင်းမရှိပေ။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေဘိုခရိုင်အမှတ်(၁၈)တပ်ရင်းထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မတ္တရာမြို့နယ်တွင် မန္တလေး PDFနှင့် ပူးပေါင်းတပ်များက စစ်ကောင်စီတပ် စခန်းအရေအတွက် ၂၈ခုထိ သိမ်းပိုက်ရရှိထားသည်။ စစ်ဆင်ရေးများတွင် လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများလည်း မန္တလေး PDFက သိမ်းဆည်းရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook