Connect with us

Hi, what are you looking for?

သတင်း

ကျိုက်မရောအကျဥ်းထောင်၌ နိုင်ကျဉ်းငါးဦးရိုက်နှက်တိုက်ပိတ်ခံရပြီး ထပ်တိုးတရားစွဲခံရ

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား ငါးဦး ရိုက်နှက်တိုက်ပိတ်ခံထားရပြီး ထောင်တွင်းပုဒ်မများဖြင့် ထပ်တိုး၍ တရားစွဲခံရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

ကျိုက်မရောအကျဥ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား ငါးဦး ရိုက်နှက်တိုက်ပိတ်ခံထားရပြီး ထောင်တွင်းပုဒ်မများဖြင့် ထပ်တိုး၍ တရားစွဲခံရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၅ရက်က ညနေတန်းပိတ်ချိန် ကျိုက်မရောအကျဥ်းထောင်ဦးစီးမှူး ကျော်ဇင်အောင်က ဦးဆောင်ပြီး ဝန်ထမ်းအင်အား၂၀ခန့်ဖြင့် နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုလွမ်းဝေအောင်၊ ကိုအောင်ဇော်မင်း၊ ကိုညီညီ၊ ကိုဇာနည်အောင်၊ ကိုနန္ဒအောင်လင်းတို့အား အင်အားသုံးခေါ်ဆောင်ခဲ့ကြောင်း PPNMက အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ နိုင်ငံရေးအကျဥ်းသား ငါးဦးအား အကြောင်းပြချက်မပေးဘဲ အတင်းဆွဲခေါ်ထုတ်ခဲ့၍ ၎င်းတို့က ပြန်လည်ရုန်းကန်ခဲ့ရာ ထောင်ဝန်ထမ်းများက လေးခွများဖြင့်ပစ်ခတ်ပြီး နံပါတ်တုတ်များဖြင့် ရိုက်နှက်၍ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

ထို့နောက် ၎င်းတို့ ငါးဦးအား ထောင်ဝင်စာဧည့်တွေ့ခွင့်နှင့် ပါဆယ်ပို့ခွင့်ကို ပိတ်ပင်လိုက်ကြောင်း၊ ထို့အပြင် ငါးဦးလုံးအား ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ၆(၁)၊ လာရောက်ခေါ်ဆောင်ချိန်တွင် အသာတကြည်မလိုက်ပဲ ခုခံသည်ဟုဆိုကာ ပုဒ်မ(၂၂၄)ပုဒ်မများအပါအဝင် အခြား ပုဒ်မများဖြင့်ပါ မတရားအမှုဖွင့်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က အသိပေးသည်။

ကိုလွမ်းဝေအောင်သည် လက်နက်များအက်ဥပဒေ ၁၉-စ၊ ကိုအောင်ဇော်မင်း၊ ကိုညီညီနှင့် ကိုဇာနည်အောင်တို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ကိုနန္ဒအောင်လင်းသည် အကြမ်းဖက်မှုများအတွက် ငွေကြေးဆိုင်ရာထောက်ပံ့မှု ပုဒ်မ ၅၀(ည) အစရှိသည့်ပုဒ်မအသီးသီးဖြင့် ထောင်ဒဏ်ကျခံနေရသူများဖြစ်သည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

မွန်ပြည်နယ် ညွန်ကြားရေးမှူး ဇော်မင်းအောင်၏ ညွှန်ကြားချက်ဖြင့် ဇွန်လ၁၅ရက်နေ့က ကျိုက်မရောအကျဉ်းထောင်မှ နိုင်ကျဉ်းများကို

ဒိုက်ဦးအကျဉ်းထောင်နှင့်သာယာဝတီအကျဉ်းထောင်များသို့ ထောင်ပြောင်းပို့ဆောင်ခဲ့သည်။ ထို့နောက် ထောင်ပိုင်နှင့်ထောင်တာဝန်ရှိသူများကို အပြောင်းအလဲများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထောင်ပိုင်အဖြစ် အကျဉ်းသားများအပေါ်ဖိနှိပ်ခြင်းနှင့်လာဘ်စားရာတွင် နာမည်ကြီးသည့် ချမ်းအေးကျော်သည် ကျိုက်မရောထောင်၏ ထောင်ပိုင်ဖြစ်လာပြီး ထောင်ပိုင်လေးအဖြစ် ကျော်ကျော်ဦး၊ ဦးစီးမှူးအဖြစ်ကျော်ဇင်အောင် မှ တာဝန်ယူ၍ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။

ယခုနှစ် ဇန်နဝါရီအတွင်းကလည်း ကျိုက်မရောအကျဥ်းထောင်၌ ထောင်အာဏာပိုင်များ၏ ဖိနှိပ်မှုကိုဆန့်ကျင်ကြောင်း အကျဥ်းသား ၅၀ နီးပါးက အစာအငတ်ခံ၍ ဆန္ဒပြခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲပြင်းထန်နေ

သတင်း

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ် အခြေစိုက် ခလရ(၃၄၃) တပ်က စစ်မှုထမ်း တပ်သား ၂ဦး လက်နက် ၂လက် ယူလာပြီး အလင်းဝင်လာကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)- အမှတ် (၈၀၀၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ဒီကနေ့ ဧပြီ ၄ရက်မှာ မှတ်တမ်းဓာတ်ပုံနဲ့အတူ အသိပေးထားပါတယ်။