Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့ မြို့မရဲစခန်းကိုချင်းပူး​ပေါင်းတပ် စီးနင်းတိုက်ခိုက်ပြီး အကျဉ်းသား ၆၇ ဦးကို ကယ်ထုတ်

ဟားခါးမြို့ မြို့မရဲစခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ယနေ့(ဇူလိုင် ၂၀ ရက်)နံနက်အစောပိုင်း၌ စီးနင်းတိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၆၇ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။

မိထက်/People’s Spring

ဟားခါးမြို့ မြို့မရဲစခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ယနေ့(ဇူလိုင် ၂၀ ရက်)နံနက်အစောပိုင်း၌ စီးနင်းတိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၆၇ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။

ဟားခါးမြို့ ၀မ္မသူးမောင်အားကစားကွင်းအနီးရှိ မြို့မရဲစခန်းကို ယနေ့ နံနက် ၅နာရီခန့်တွင် ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ရဲတချို့သေတယ်။ အဓိကက မတရားဖမ်းခံရသူတွေအပါအဝင် အကျဉ်းသားတွေ ကယ်ထုတ်နိုင်တယ်” ဟု ချင်းကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးအား မေးမြန်းရာ ရဲစခန်းအာစီးနင်းတိုက်ခိုက်မှုမှန်ကန်ပြီး သက်ဆိုင်ရာမှ မကြာခင်သတင်းအတိအကျထုတ်ပြန်မည်ဟုပြောသည်။လက်ရှိစစ်ရေးအခြေအနေကို မေးမြန်းရာတွင်လည်း မပြောနိုင်သေးကြောင်း ဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။