Connect with us

Hi, what are you looking for?

သတင်း

မတ္တရာကနေ မန္တလေးဆီ စစ်ရှောင်လာရင်း တိုက်ပွဲကြား ပိတ်မိသူတွေရှိနေ

မြို့ သိမ်းတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မတ္တရာမြို့ ကနေ မန္တလေး ဘက်ဆီ စစ်ရှောင်ဖို့ တိမ်းရှောင်လာချိန်မှာ တိုက်ပွဲတွေကြား ပိတ်မိနေသူတွေ ရှိတယ်လို့ စစ်ရှောင်သူတွေရဲ့ မိသားစုဝင်တွေထံကသိရပါတယ်။

ဆိုင်းမင်း/People’s Spring

မြို့ သိမ်းတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မတ္တရာမြို့ ကနေ မန္တလေး ဘက်ဆီ စစ်ရှောင်ဖို့ တိမ်းရှောင်လာချိန်မှာ တိုက်ပွဲတွေကြား ပိတ်မိနေသူတွေ ရှိတယ်လို့ စစ်ရှောင်သူတွေရဲ့ မိသားစုဝင်တွေထံကသိရပါတယ်။

မတ္တရာမြို့ အနီးထိ တိုက်ပွဲတွေ ရောက်လာချိန်မှာ မြို့ ကိုစွန့်ခွာ လာကြတဲ့ စစ်ရှောင်ပြည်သူတွေဟာ မန္တလေး – မတ္တရာ လမ်းပိုင်းမှာ တိုက်ပွဲ တွေ ဖြစ်နေတာကြောင့် လမ်းမှာတင် ပိတ်မိနေကြတာပါ။

Public Service Announcement

Public Service Announcement

စစ်ရှောင်မိသားစုဝင် တစ်ဦးရဲ့ ပြောပြချက်အရ မတ္တရာ နဲ့ ၂ မိုင်ခန့်အကွာ မတ္တရာ – မန္တလေးကားလမ်းဘေးက ကျေးရွာ တစ်ရွာ ပိတ်မိနေတာ ၃ ရက်ခန့် ကြာလာပြီလို့ သိရပါတယ်။

” အခုထိ မန္တလေးကိုထွက်လာလို့မရဘူး၊မတ္တရာဘက်ကို ပြန်ဝင်လို့လည်း မလွယ်ဖြစ်နေတာ”လို့ ဖခင်ဖြစ်သူ လမ်းမှာ ပိတ်မိနေတဲ့ အခြေအနေကို သားဖြစ်သူ က People’s Spring ကို ပြောပြပါတယ်။

စစ်ရှောင်ပြည်သူတွေရဲ့ လုံခြုံရေးအရ ရွာအမည်ကို ချန်လှပ်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မတ္တရာမြို့ အရှေ့ခြမ်း မတ္တရာ – မန္တလေး ကားလမ်းဘေးက ကျောက်တံတားရွာနားမှာ တိုက်ပွဲတွေပြင်းထန်ထားပါတယ်။

ကျောက်တံတားရွာဟာ မတ္တရာမြို့ ပေါ် နဲ့ ၅ မိုင်ခန့် ဝေးပါတယ်။

မန္တလေး PDF ရဲ့ စစ်ရေး သတင်းဖော်ပြချက်အရ မတ္တရာမြို့ ကိုသိမ်းယူနိုင်ဖို့ မြို့ရဲ့ မြောက်ဘက်ခြမ်းနဲ့ အရှေ့ဘက်ခြမ်းတွေက နှစ်ဖက် ညှပ် ပြီး ချဉ်းကပ် တိုက်ခိုက်နေတာ သိရပါတယ်။

မြို့ နားဆီ တိုက်ပွဲတွေ ချဉ်းကပ်လာချိန်မှာတော့ မတ္တရာမြို့ ပေါ် မှာလည်း ခြောက်ကပ်သွားပြီး မြို့ ခံအများစုက ဧရာဝတီမြစ်တဖက်ကမ်း စစ်ကိုင်းဘက်ဆီနဲ့ မန္တလေး ဘက်ဆီ စစ်ရှောင် နေကြရတာပါ။

မန္တလေးမြို့အဝင် ရွှေကျင်စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက အဝင်အထွက် ပိတ်ဆို့ထားတာကြောင့် ရွာလမ်းတွေကနေတဆင့် ကွေ့ဝိုက်ဖြတ်သွားနေရတယ်လို့ စစ်ရှောင်အချို့ကပြောပါတယ်။

မန္တလေးမြို့ ပေါ်မှာလည်း စစ်ရှောင်တွေ ရောက်လာရင် သတင်းပေးကြဖို့ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက ဒေသခံတွေကို ဖိအားပေးတာတွေရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် မတ္တရာ ကနေ ဧရာဝတီမြစ်ကြောင်း အတိုင်း မန္တလေး မရမ်းခြံ ဆိပ်ကမ်းကို စက်လှေနဲ့ စစ်ရှောင်လာကြသူတွေထဲ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်ကို ဖုန်းစစ်ဆေးပြီး PDF နဲ့ ဆက်သွယ်တယ်ဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာ​ကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီက အသိ​ပေးထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေချိန်မှာပဲ အာဏာသိမ်းစစ်တပ်က တောင်ပြုံးပွဲတော်ကို ကျင်းပဖို့ စီစဉ်နေပါတယ်။