Connect with us

Hi, what are you looking for?

သတင်း

အပစ်ရပ်စဲရန် ဗဟိုညွှန်ကြားချက် မရှိ၊ တရုတ်အစိုးရ ဖိအားပေးနေဟု TNLA ပြော

အပစ်ရပ်စဲရန် တအာင်းတပ်မတော်(PSLF/TNLA) ဗဟိုက ညွှန်ကြားချက်မရှိသေးကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးသို့ ပြောသည်။

၁၀၂၇စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်းတွေ့ရသော TNLA ရဲဘော်တစ်ဦး။ ဓာတ်ပုံ - TNLA

” ဘရိတ်ခဏယူရအောင် ဘောလုံးကန်နေတာလည်း မဟုတ်။ ခဏခဏရပ်ရအောင်လည်း လက်ဝှေ့ထိုးတာ မဟုတ်။ လင်းလင်းသီချင်းကို ဆက်ဆိုကြရအောင်ပါ။ ရှေ့သို့… ရှေ့သို့… ချီတက်ကြစို့”

− ဗိုလ်ချုပ်တားဘုန်းကျော်

ဟန်နွေ/People’s Spring

TNLA၏ မဟာမိတ် ကိုးကန့်တပ်မတော်(MNDAA)က ဇူလိုင် ၁၉ရက်မှ ၃၁ရက်အထိ အပစ်ရပ်ထားရန် အောက်ခြေတပ်ဖွဲ့များအား ညွှန်ကြားထာသည့် အခြေအနေနှင့်ပတ်သက်ပြီး TNLA ဖွဲ့အနေဖြင့်လည်း ထိုသို့ အပစ်ရပ်ရန် ညွှန်ကြားမှုရှိ၊မရှိ မေးမြန်းရာ အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ ဖြေကြားလာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အပစ်ရပ်နဲ့ပတ်သက်ပြီး ဗဟို ညွှန်ကြားတာမရှိသေးဘူး။ လက်ရှိ တိုက်ပွဲ ပြင်းထန်နေတယ်။ တရုတ်အစိုးရလည်း ဖိအားပေးနေပါတယ်”ဟု လွေးယေဦးက ပြောသည်။

လတ်တလော တိုက်ပွဲပြင်းထန်နေသည့် နေရာဒေသများမှာ မိုးကုတ်၊ ကျောက်မဲ၊ မိုးမိတ် မြို့နယ်များဟုလည်း ၎င်းက ပြောသည်။

TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တာဘုန်းကျော်ကလည်း “ဘရိတ်ခဏယူရအောင် ဘောလုံးကန်နေတာလည်း မဟုတ်။ခဏခဏရပ်ရအောင်လည်း လက်ဝှေ့ထိုးတာ မဟုတ်။ လင်းလင်း သီချင်းကိုဆက်ဆိုကြရအောင်ပါ။ ရှေ့သို့… ရှေ့သို့… ချီတက်ကြစို့”ဟု ယနေ့ နေ့လယ်ပိုင်းတွင် လူမှုကွန်ရက်၌ ရေးသားခဲ့သည်။

TNLAသည် ဇွန်လ ၂၅ရက်တွင် ၁၀၂၇စစ်ဆင်ရေး အပိုင်း(၂)ကို မဟာမိတ်များနှင့်အတူ ဖော်ဆောင်ခဲ့ရာ နောင်ချိုမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်ပြီး ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ် မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

TNLA အနေဖြင့် ဇူလိုင် ၁၄ရက်က ကိုးကန့်တပ်မတော်နှင့်အတူ အပစ်ရပ်စဲမှု ၄ရက်ကြာ ပြုလုပ်ခဲ့သေးသည်။ ဇူလိုင် ၁၄ရက်ည ၁၂နာရီမှ ၁၈ရက် ည ၁၂နာရီအထိ အပစ်ရပ်ထားရန် ကြေညာခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ရှိခဲ့၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အပစ်ရပ် ကြေညာမှု ၄ရက်အတွင်း တိုက်ပွဲအကြိမ် ၂၀ကျော်ဖြစ်ခဲ့သည်ဟုဆိုသည်။

အလားတူ ကိုးကန့်တပ်မတော်သည်လည်း ၄ရက်ကြာ အပစ်ရပ်ထားသော်လည်း လားရှိုးတွင်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ယခုတွင်လည်း တရုတ်အစိုးရ၏ တောင်းဆိုချက်ကြောင့် ဇူလိုင် ၁၉ရက်မှ လကုန်ပိုင်းအထိ ၁၃ရက်ကြာ အပစ်ရပ်ထားမည်ဟု MNDAAက အောက်ခြေသို့ ညွှန်ကြားထားသော်လည်း မြေပြင်၌ တိုက်ပွဲများ ရပ်နားခြင်းမရှိဘဲ လားရှိုးမြို့နှင့်အနီး တိုက်ပွဲများမှာ နေ့စဉ်ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။