Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့် ပေါင်းပြီး ချင်းညီနောင်ကို တိုက်ခိုက်ခဲ့သည်ဆိုသည့် ပြောဆိုချက် ပုံရိပ်ကျအောင် လုပ်ဆောင် ခြင်းသာဖြစ်ဟု CNF ပြော

ချင်းအမျိုးသားတပ်မတော်(CNA) ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီနှင့် ပူးပေါင်းပြီး ချင်းညီနောင်နှင့် မဟာမိတ်များကို ထိုးစစ်ဆင်ခဲ့ကြောင်း ချင်းညီနောင် အဖွဲ့ဝင်များက ဖမ်းမိ စစ်သုံ့ပန်း ဗိုလ်မှူးရဲမင်းထွန်း၏ ထွက်ဆိုချက်ကို ထုတ်ပြန်ခဲ့သည်။

ချင်းညီနောင်ထံ အလင်းဝင်ခဲ့သည့် ဗိုလ်မှူးရဲမင်းထွန်း

ဟန်နွေ/People’s Spring

ချင်းညီနောင်၊ ရက္ခိုင့်တပ်တော်(AA) မဟာမိတ်တပ်များသည် ဇွန်လအတွင်းက မတူပီမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ရာ အဆိုပါ ကာလအတွင်း ချင်းပြည်ကောင်စီတပ်ပေါင်းစုနှင့်ပါ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါကာလတွင် ဆက်သွယ်ရေး စက်မှတဆင့် CNA နှင့် အချိတ်အဆက်ရရှိခဲ့ရာ CNA ဘက်က လက်နက်ကြီး ပစ်ကူ တောင်းခံခြင်း၊ ဒရုန်း ဂျန်ဘာများပိတ်ထားရန်တောင်းဆိုခြင်းပြုလုပ်ခဲ့၍ စစ်ကောင်စီဘက်က ပစ်ကူပေးခြင်း၊

ဒရုန်းဂျန်ဘာကို ပိတ်ပေးခြင်းများ ပြုုလပ်ခဲ့သည်ဟု ချင်းညီနောင်ထံ အလင်းဝင်ခဲ့သည့် ဗိုလ်မှူး ရဲမင်းထွန်းက ထွက်ဆိုသည်ဆို​သောရုပ်သံဖိုင်ကိုထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီအား မေးမြန်းရာ ချင်းညီနောင်က CNA ပူးပေါင်းတပ်များ ပုံရိပ်ကျဆင်းအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု တုံ့ပြန် ပြောကြားသည်။

“စစ်ကောင်စီ စခန်းသိမ်းတယ်ဆိုတာ မသိမ်းခင်က ဘယ်အဖွဲ့အစည်းမဆို စစ်ကောင်စီကို အရင် လက်နက်ချခိုင်းဖို့တော့ အရင်တော့ သွေးထွက် သံယိုမှု အနည်းဆုံးဖြစ်အောင် ဆိုပြီးတော့မှ လုပ်နေကြ ချိတ်ဆက်နေကြပါ။ ဒါကတော့ မထူးဆန်းတော့ပါဘူး။ ဒါပေမဲ့ ပြီးခါမှ အဲဒီလိုမျိုး သူတို့ဆီမှာ ဖမ်းဆီးထားတဲ့ စကစ ဗိုလ်မှူးတစ်ဦးကို အခုလို အင်တာဗျူးတွေ ဘာတွေလုပ်နေတာတွေက Image ကျအောင် လုပ်နေတာမျိုးဖြစ်ပါတယ်။ အဲဒီလိုတွေက လုပ်လေ့လုပ်ထ ရှိတဲ့ဟာ သိပ်ပြီး ထူးဆန်းတဲ့ဟာ မဟုတ်ပါဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

CNA ပြောရေးဆိုခွင့် ရှိသူ၏ တုံ့ပြန်မှု နှင့်ပတ်သတ်ပြီး ချင်းညီနောင် သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပြီး အဆက်အသွယ် မရသေးပေ။

ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုတို့သည် ဇွန်လ ၁၈ရက်မှစ၍ မတူပီမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ခဲ့သည်။ ချင်းညီနောင်နှင့်မဟာမိတ်များအနေဖြင့် ဇွန်လ ၁၇ရက်တွင် မတူပီ ခမရ(၃၀၄)၊ ဇွန်လ ၂၉ရက်တွင် မတူပီ ဗျူဟာနှင့် ခလရ(၁၄၀)တပ်ရင်းတို့ကိုသိမ်းပိုက်နိုင်ခဲ့သည်။

ထိုသို့ စစ်ကောင်စီ တပ်စခန်းများသိမ်းပိုက်အပြီးတွင်လည်း မတူပီမြို့နယ်တွင် ချင်းညီနောင်၊ မဟာမိတ် တပ်များနှင့် ချင်းပြည်ကောင်စီ တပ်များအကြား တိုက်ပွဲဆက်ရှိခဲ့သည်။

ချင်းညီနောင်၏ ထုတ်ပြန်ချက်တွင် CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်များက ချင်းညီနောင်ကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ဟု ဖော်ပြထားသည်။ ချင်းပြည် ကောင်စီ၏ ထုတ်ပြန်ချက်တွင် ချင်းညီနောင် အဖွဲ့ဝင်များကို ဇူလိုင် ၁၉ရက်နေ့အထိ စတင်တိုက်ခိုက်ပစ်ခတ်ခြင်းလုံး၀ မပြုလုပ်ဟု ထုတ်ပြန်သည်။

CNF/CNA ဦး​ဆောင်ဖွဲ့စည်းထား​သော ချင်းပြည်​ကောင်စီ ၊ချင်းပြည်အစိုးရ သည် ဘုံရန်သူ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေချိန်တွင် ရက္ခိုင့်တပ်တော်(AA) အနေဖြင့် ချင်းပြည် နယ်နိမိတ်အတွင်း စစ်ရေး၊ နိုင်ငံရေး ဝင်ရောက်ကျူးကျော်နေ၍ မလိုလားအပ်သည့် ထိတွေ့ တိုက်ပွဲများ ဖြစ်ခဲ့သည်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းက လေးမျက်နှာနဲ့သာပေါင်းမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေစဉ် ဇလွန်နဲ့ ဟင်္သာတမြို့နယ်တွေမှာ စစ်ကောင်စီက တိုက်လေယာဉ်အနိမ့်ပျံပြီး လူထုကို ထပ်မံခြမ်းခြောက်သွားပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထုတ်မပေးဖို့နဲ့ ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်သစ်တွေကို ဆက်လက်ဆိုင်းငံ့ထားဖို့ရည်ရွယ်တဲ့ ‘No New Burma Funds Act’ ကို အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာ ၁ရက် မနေ့က အတည်ပြုလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီက လေကြောင်း၊ဒရုန်းအပြင် လက်နက်ကြီးတွေနဲ့ နေ့ရောညပါပစ်ခတ်နေလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးလုပ်ဆောင်နေသလို ဆဒုံးမြို့နယ်ကိုလည်း လေကြောင်းကနေ ထပ်မံတိုက်ခိုက်လာကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနကဖော်ပြပါတယ်။