Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်အထိုင်ချထားသော ပလမြို့ရဲစခန်းကို PDF ဗုံးကြဲတိုက်ခိုက်

နတင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ရဲများအထိုင်ချတပ်စွဲထားသည့် ပလရဲစခန်းကို ဒရုန်းဖြင့်ဗုံးသီး ၁၁ကြဲတိုက်ခိုက်ခဲ့ကြောင်း ပုလော(ပကဖ)၊ ဒရုန်းတပ်စိတ် (Shadow Squad)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ရဲများအထိုင်ချတပ်စွဲထားသည့် ပလရဲစခန်းကို ဒရုန်းဖြင့်ဗုံးသီး ၁၁ကြဲတိုက်ခိုက်ခဲ့ကြောင်း ပုလော(ပကဖ)၊ ဒရုန်းတပ်စိတ် (Shadow Squad)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဇူလိုင် ၂၁)မွန်းလွဲ ၁၂ နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့်ရဲ အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထားသော ပလရဲစခန်းကို Shadow Squad တပ်စိပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းတို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“၄ နေရာခွဲနေတယ်ပေါ့။ စခန်းထဲ ၇လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်ဗျ။ သူတို့ တန်း လျားတည့်တည့်ကို ၃လုံး၊ အမြောက်ခုံးနဘေး ၂လုံး၊ ဘန်ကာအပေါ် နှစ်လုံးပေါ့”ဟု ပုလောမြို့နယ် (ပကဖ)ဒရုန်းတပ်စိပ် (Shadow Squad)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဗုံးသီးကြဲချတိုက်ခိုက်မှုတွင် ပလရဲစခန်းရှိ လိုင်းခန်း အမိုးပွင့်သွားပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ပလမြို့ရဲးခန်းအား ဒရုန်းဖြင့်ဗုံးသီးချတိုက် ခိုက်သည့် စစ်ဆင်ရေးသည် ယခုအကြိမ်မှာ တတိယအကြိမ်မြောက်ဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို အသေးစိပ်မသိရသေးကြောင်း ဒရုန်းတပ်စိပ် (Shadow Squad)က အသိပေးသည်။

ဇူလိုင် ၁ရက်မှစပြီး ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများဖြစ်သော ခလရ(၂၈၅)၊ ပလရဲစခန်း၊ ပုလောရဲစခန်းနှင့် မီးလောင်ချောင်းဂိတ်စခန်းများကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဒရုန်းများဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခြင်းများ လုပ်ဆောင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ချီဖွေ - ပန်ဝါလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့(BGF) တပ်စခန်းတစ်ခုကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက် ထပ်မံ သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။

သတင်း

ရန်ကုန်မြို့၌ သပိတ်ရဲဘော်လေးဦး ဖမ်းဆီးခံရပြီးနောက်ရက်တွင် အဆိုပါသပိတ်ရဲဘော်များနေထိုင်သည့် နေအိမ်များကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း တကသကျောင်းသားဟောင်းများအင်အားစုမှ ကိုနန်းလင်းက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကြောင်းတစ်ခုလုံးတိုက်ခိုက်ခံရပြီး သေဆုံးခဲ့သော စစ်သားအလောင်း ၄၀နီးပါးအား စစ်ကောင်စီတပ်က လာမသယ်၍ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

သတင်း

တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဒီကနေ့ (အောက်တိုဘာ ၂)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

Trending

Facebook