PDF ရဲဘော်တစ်ဦးလည်းကျဆုံး
ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ကင်းပတ်နေသော စစ်သားခြောက်ဦးအား တိုက်ခိုက်ရာ ငါးဦးသေဆုံးပြီး MA11 သေနတ်သုံးလက်သိမ်းဆည်းရမိကြောင်း ယင်းမာပင် ခရိုင် တပ်ရင်းအမှတ် ၃၀(ADPRA)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ (ဇူလိုင် ၂၂ရက်) နံနက် ၆ နာရီခွဲခန့်က မုံရွာ – ပုသိမ်လမ်းပိုင်းတွင် ပတ်ကင်းထွက်လာသော စစ်ကောင်စီတပ်သားများအား အုံတုံပင်ကျေးရွာနှင့် ကျေးစာကျ ကျေးရွာကြား၌ မဟာမိတ်ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Public Service Announcement
တိုက်ခိုက်မှုကြောင့် စစ်သား ၅ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ MA11 ချေမှုန်းရေး ရိုင်ဖယ် ၃လက် သိမ်းဆည်းရမိခဲ့သည်ဟု ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀(ADPRA)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ပတ်ကင်းအနေနဲ့ထွက်လာတဲ့ ၆ ယောက်ကို လမ်းခုလတ်မှာ စောင့်ပြီးတိုက်ခိုက်ခဲ့တာ။ တိုက်ပွဲကြာချိန်ကတော့ မိနစ် ၃၀လောက်ကြာတယ်။ ငါးဦး နေရာတင် သေတယ်။ ကျန်တဲ့တစ်ယောက်ကလည်း လွတ်တော့မလွတ်ဘူး။ နည်းနည်းလှုပ်နေသေးလို့ အပြင်းအထန်ဒဏ်ရာရလို့ ရေးလိုက်တာ။ ဒီကောင်လည်း သေဖို့တော့များပါတယ်”ဟု ADPRAအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
PDFများဘက်ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့သည့် Chindwin Revolutionary Fighters-CDRF အဖွဲ့မှ ရဲဘော်တစ်ဦး ကျည်ထိမှန်ကျဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
အထက်ပါ စစ်ဆင်ရေးအား ယင်းမာပင်ခရိုင် တပ်ရင်း အမှတ်၃၀(ADPRA)၊ တပ်ခွဲ ၂(Black Shadow PDF)၊ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာတပ်ဖွဲ့၊ မဟူရာဒေါင်းမင်းတပ်ဖွဲ့၊ Chindwin Revolutionary Fighters-CDRF၊ Black Eagle အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


















































