Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့နယ်ရှိ အကျဉ်းထောင်စခန်းအား TNLA ပူးပေါင်းတပ် သိမ်းပိုက်

မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်းရှိ ပန်မထိပ်ရွာအနီးနှင့် အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်စခန်းအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် PDF မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများသိမ်းဆည်းရမိပြီး ရန်သူ့အလောင်း ၂၀ ရှင်းလင်းနိုင်ခဲ့ကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း စစ်ရေးဖော်ဆောင်နေသော TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA

လက်နက်ခဲယမ်းများရပြီး စစ်ကောင်စီတပ် အလောင်း ၂၀ရှင်းလင်းနိုင်ဟု TNLA အသိပေး
နောင်ချို နှင့် ကျောက်မဲမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်

ဟန်နွေ၊ မိထက် /People’s Spring

မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်းရှိ ပန်မထိပ်ရွာအနီးနှင့် အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်စခန်းအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် PDF မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများသိမ်းဆည်းရမိပြီး ရန်သူ့အလောင်း ၂၀ ရှင်းလင်းနိုင်ခဲ့ကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ၂၈ရက်မြောက်နေ့ (ဇူလိုင် ၂၂ရက်)တွင် မိုးကုတ်နှင့် နောင်ချိုမြို့နယ် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့မှုနှင့် လက်နက်ခဲယမ်းများ ၊စစ်ကောင်စီ တပ်ဖွဲ့ဝင်အလောင်းများ သိမ်းပိုက်ရရှိမှု အခြေအနေကို ယနေ့ညပိုင်း၌ အသိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရမိသည့် စစ်ကောင်စီလက်နက်များတွင် လက်နက်ငယ် (၅)လက်၊ ဒရုန်း(၁)စင်းနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရမိထားဟု ဖော်ပြသည်။

မိုးကုတ်မြို့အရှေ့ပိုင်းရှိ အဆိုပါနှစ်နေရာတွင် စစ်ကောင်စီကအခိုင်အမာတပ်ဆွဲထားခြင်းဖြစ်ပြီး TNLA နှင့် PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၁၈ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဟု PDF(မိုးကုတ်ဗျူဟာ) နှင့် နီးစပ်သည့်သတင်းရင်းမြစ်ကပြောသည်။

“အကျဉ်းသားတွေကိုကယ်ထုတ်နိုင်တယ်။ ၂၀ ရက်ကတည်းက ကယ်ထုတ်နိုင်တာပါ။ အသေးစိတ်တော့ ပြောမတတ်ပါဘူး” ဟုအဆိုပါ သတင်းရင်းမြစ်ကပြောသည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း စစ်ရေးဖော်ဆောင်နေသော TNLA ရဲဘော်များ။ ဓာတ်ပုံ – TNLA

ဇွန်လ၂၅ရက်မှစတင်သည့် မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း မြို့အနောက်ပိုင်းမှ TNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူထားပြီး မြို့အရှေ့ပိုင်းမှ စစ်ကောင်စီစခန်းများကို ဆက်လက်တိုက်ခိုက်ခြင်းဖြစ်သည်။ မိုးကုတ်မြို့ကို စစ်ကောင်စီက ဖုန်းလိုင်းများလည်းဖြတ်တောက်ထားသည်။

မိုးကုတ်မြို့တိုက်ပွဲနှင့်ပတ်သက်၍ TNLAက ဇူလိုင်လ ၁၉ရက်နေ့က နောက်ဆုံးထုတ်ပြန်ခဲ့ပြီး ယနေ့(ဇူလိုင် ၂၂ရက်) သတင်းထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

အကျဉ်းသားများအားကယ်ထုတ်ခဲ့ခြင်းနှင့်ပတ်သက်၍ TNLAကသတင်းမထုတ်ပြန်သေးသလို အသေးစိတ်မသိရှိရသေးပေ။ သို့သော် မိုးကုတ်အကျဉ်းထောင်မှ အကျဉ်းသားများအား ကယ်ထုတ်ခဲ့သည့်သတင်းသည် ဇူလိုင် ၂၀ရက်ကတည်းက ထွက်ပေါ်ခဲ့သည်။

နောင်ချိုမြို့နယ်တွင်လည်း စစ်ကောင်စီတပ် စခန်းများအား TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့ ဆက်လက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း အသိပေးသည်။

ယနေ့ နေ့လယ်တွင် နောင်ချိုမြို့ နယ် တဲခေါ်ရွာရှိ စစ်ကောင်စီတပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ကျောက်မဲမြို့နယ်ရှိ အေးရှားဝေါဂိတ်နှင့် နမ့်ဆီလင်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့အား တအာင်းတပ်မတော် TNLA တပ်ဖွဲ့က လိုက်လံရှင်းလင်းရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။

TNLA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) တိုက်ပွဲသတင်းများကို ယခင်က နေ့စဉ်ထုတ်ပြန်ခဲ့သော်လည်း ဇူလိုင် ၁၉ရက်မှစ၍ ထုတ်ပြန်ခြင်းမရှိဘဲ ယနေ့တွင် ပြန်လည်၍ တိုက်ပွဲသတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း စစ်ရေးဖော်ဆောင်နေသော TNLA ရဲဘော်များ။ ဓာတ်ပုံ – TNLA

TNLA၏ မဟာမိတ် ကိုးကန့်တပ်သည် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ ဇူလိုင် ၁၉ရက်မှ ယခုလကုန်အထိ အပစ်ရပ်စဲကြောင်း ကြေညာထားသည်။ TNLA အနေဖြင့် ထိုသို့ အပစ်ရပ်စဲရန် ရှိ၊မရှိမေးမြန်းရာ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဗဟိုမှ အပစ်ရပ်စဲရန် ညွှန်ကြားချက်မရှိသေးကြောင်း၊ တရုတ်ဘက်ကလည်း ဖိအားပေးလျက်ရှိကြောင်း ဖြေကြားထားသည်။

TNLA သည် ဇွန်လ ၂၅ရက်မှစ၍ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်ရှိ စစ်ကောင်စီတပ်များကို မဟာမိတ်များနှင့်အတူ တိုက်ခိုက်နေခြင်းဖြစ်သည်။

(၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း စစ်ရေးဖော်ဆောင်နေသော TNLA ရဲဘော်များ။ ဓာတ်ပုံ – TNLA)

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။