Connect with us

Hi, what are you looking for?

သတင်း

မင်းကွန်းတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ကျေးရွာများမီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လူနေကျေးရွာများအား မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

မင်းကွန်းဒေသရှိ ကျေးရွာတစ်ရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ - CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လူနေကျေးရွာများအား မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဇူလိုင် ၂၃ ရက်)နံနက်က မင်းကွန်းဒေသတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးရဲဘော်အချို့ ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ် ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ပျူခနဲ့ ရဲခတစ်ကောင် လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ပစ်ခံရလို့ ပျူတစ်ကောင်သေတယ်လို့သိရတယ်။ ရဲခက‌ သေ၊ မသေအတည်ပြုမရသေးပါ။ ရဲက နှစ်ပွင့်ဗိုလ်လို့ သိရပါတယ်။ အဲ့ဒီလိုအပစ်ခံရလို့ ရွာတွေကို ပတ်ရမ်းပြီးမီးတင်ရှို့နေတာလို့ သတင်းရရှိပါတယ်။”ဟု MDY Revolution က ဖော်ပြသည်။

ထို့နောက် စစ်ကောင်စီတပ်က မင်းကွန်းမြသိန်းတန်ဘုရားမြောက်ဘက်ရှိ ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

“မင်းကွန်းက လေးနေရာလောက်ခွဲရှို့နေတယ်။ မင်းကွန်းရွာတောင်ပိုင်း၊ မြောက်ပိုင်း၊ ရွာအလယ်ပိုင်း၊ အကုန်လုံးနီးပါးပဲ။ မင်းကွန်းမြောက်ဘက်က ရှားစောင်းရွာ။ အကုန်လုံးရှို့နေတယ်။”ဟု Wetlet Informational Network အဖွဲ့က ပြောသည်။

ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရ၍ ထိခိုက်ပျက်စီးမှုအခြေအနေ မသိရသေးပေ။ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ မင်းကွန်း PDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မင်းကွန်းဒေသ၏ ဧရာဝတီမြစ်တဖက်ကမ်းရှိ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေ၍ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။