Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့ကို စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ခတ်နေ

မန္တလေး PDFပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် စဥ့်ကူးမြို့ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

စဥ့်ကူးမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသော မန္တလေး PDF ပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ - မန္တလေး PDF

ယောနသံ/People’s Spring

မန္တလေး PDFပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် စဥ့်ကူးမြို့ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့် စဉ့်ကူးမြို့ကို ဇူလိုင် ၁၇ရက်တွင် မန္တလေး PDF ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီသည် ဧရာဝတီမြစ်တစ်ဖက်ကမ်း ကျောက်မြောင်းမြို့နယ် မခေါက်ရွာ၌တပ်စွဲကာ လက်နက်ကြီးများတပ်ဆင်၍ စဉ့်ကူးမြို့ကို ပစ်ခတ်နေခြင်းဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

” ကျောက်မြောင်းက မခေါက်ရွာကို စစ်ကောင်စီက ဝင်တပ်စွဲတယ်။ စဉ့်ကူးကို လက်လွှတ်လိုက်ရတော့ မခေါက်ရွာကို သင်္ဘောတွေနဲ့ အင်အားတွေလာပို့တယ်။ ဒီအတိုင်းမလာရဲလို့လေကြောင်းအကူနဲ့လာတာ”ဟု စဉ့်ကူးမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

မခေါက်ကျေးရွာသည် စဉ့်ကူးမြို့နင့် ဧရာဝတီမြစ်ခြားသည်။ စဉ့်ကူးမြို့ဘက်သို့ ယမန်နေ့(ဇူလိုင်၂၂ရက်)က လက်နက်ကြီး နှစ်ကြိမ်ပစ်ခတ်ခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဇူလိုင် ၁၉ရက်က ဧရာဝတီမြစ်အတွင်း စစ်သင်္ဘောများပေါ်မှ စဉ့်ကူးမြို့တွင်းကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သလို လေကြောင်းမှလည်း တိုက်ခိုက်ခဲ့သည်။ ထို့အပြင် စဉ့်ကူးမြို့အား ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သတင်းလိမ်လည်း ထုတ်ပြန်ခဲ့သေးသည်။

စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအပါအဝင် ၂၈ ဦး ဖမ်းဆီးထားကြောင်း မိုးကုတ်ဗျူဟာ အမှတ် (၁၂၂၂) တပ်ရင်းက ဇူလိုင် ၂၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဇူလိုင် ၂၀ရက်က ကျောက်မြောင်းစစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ စဥ့်ကူးမြို့နယ်၊ လက်ပန်လှရွာ၊ ပြည်စိုးအောင်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။