Connect with us

Hi, what are you looking for?

သတင်း

ကျောက်မြောင်း ခမရ(၁၂)တပ် လက်နက်ကြီးပစ်ခတ်နေ၍ ပျူစောထီးရွာများပါ ထွက်ပြေးတိမ်းရှောင်နေရ

စဥ့်ကူးမြို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တ​လေး) ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ​မြစ် တဘက် ကမ်း ကျောက်မြောင်းမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ရာတွင် ပျူစောထီးရွာအချို့၌ လက်နက်ကြီးကျ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ကျောက်မြောင်းမြို့ နွယ်ငြိမ်းရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့နယ်တွင် စစ်ကောင်စီ​၏ တပ်မ(၃၃)လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၁၂)မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ ပျူစောထီးကျေးရွာအချို့ပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဇူလိုင်တတိယပတ်အတွင်း စဥ့်ကူးမြို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တ​လေး) ပူးပေါင်း သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ​မြစ် တဘက် ကမ်း ကျောက်မြောင်းမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ရာတွင် ပျူစောထီးရွာအချို့၌ လက်နက်ကြီးကျ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မခေါက်ပျူရွာဆို လေယာဥ်ပေါ်ကမှားချလို့တဲ့ အဘွားကြီးနဲ့အဘိုးကြီး တစစီကိုကောက်လို့မရဘူးလို့ပြောတယ်။ မခေါက်ကလည်းမနေကြဘူး။ အကုန်ပြောင်းကြတာတကြောလုံး။”ဟု ကျောက်မြောင်းဒေသခံတစ်ဦးက ပြောသည်။

မခေါက်ကျေးရွာသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအင်အားကောင်းရာ ရွာတစ်ရွာဖြစ်သော်လည်း တစ်ရွာလုံး ရွှေ့ပြောင်းသွားကြောင်း၊ ထို့အပြင် စစ်တပ်ရှိရာ ကျောက်မြောင်းမြို့အပါအဝင် နွယ်ငြိမ်း၊ ရေတော်အစရှိသည့် ကျေးရွာ ၄ရွာခန့်ပါ တိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောသည်။

“စဥ့်ကူးဘက်ခြမ်းကိုပစ်တာ။တောတွေထဲနေတယ်ဆိုပြီးပစ်တာ။ လက်နက်ကြီးအစတွေက အိမ်တွေပေါ်ကျတာ။ အိမ်တွေကိုသိမ့်သိမ့်ကိုတုန်နေတာပဲ။”ဟု ကျောက်မြောင်းမြို့၊ ရေတော်ရွာဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင် ၂၀ ရက်ကလည်း ကျောက်မြောင်းမြို့စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ စဥ့်ကူးမြို့နယ်၊ လက်ပန်လှရွာ၊ ပြည်စိုးအောင် ရပ်ကွက်၌ ကျရောက်ပေါက်ကွဲခဲ့သေးသည်။

စဥ့်ကူးမြို့အပါအဝင် စဥ့်ကူးနယ်ရှိ တပ်စခန်းအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် ပူးပေါင်းတပ်များက ဇူလိုင် ၁၇ ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ကနေဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်စုဟာ ကျောက်မြောင်းနဲ့ ရှိမ်းမကား ဒေသရောက်ရှိနေကြောင်း ဒေသတွင်း​ကင်း​ထောက်အဖွဲ့တွေက ပြော​ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။