Connect with us

Hi, what are you looking for?

သတင်း

မြို့ခံပြည်သူများ၏ ပျော်ရွှင်မှုများ ခွန်အားဖြစ်ရကြောင်း မိုးကုတ်ဗျူဟာထုတ်ပြန်

မိုးကုတ်မြို့ တော်လှန်ရေးအဖွဲ့သိမ်းပိုက်ပြီးနောက် မြို့ခံများပျော်ရွှင်နေစဉ်။ ဓာတ်ပုံ - Mai A Hein

မိထက်/People’s Spring

မိုးကုတ်မြို့ကို တအာင်းတပ်မတော်(TNLA) ဦးဆောင်သော PDFတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းအင်အားဖြင့် သိမ်းပိုက်နိုင်ခဲ့ခြင်းအပေါ် ဒေသခံပြည်သူများ၏ ပျော်ရွှင်မှုများမှာ ရဲဘော်များ၏ ခွန်အားများဖြစ်ရကြောင်း မိုးကုတ်ဗျူဟာက အသိပေး ထုတ်ပြန်သည်။

မိုးကုတ်မြို့ကို ဇူလိုင်လ ၂၄ရက် ညနေ ၅နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းဟု ထုတ်ပြန်အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“မိုးကုတ်မြို့ကို (၂၄.၇.၂၀၂၄) ညနေ (၅:၀၀) ချိန်တွင် TNLA ဦးဆောင်သော PDFတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းအင်အားဖြင့် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါသည်။ပြည်သူများ၏ ပျော်ရွှင်မှုများက ရဲဘော်များ၏ ခွန်အား၊ အင်အားများဖြစ်ပါတယ်။ မိုးကုတ်မြို့သူ မြို့သားများ ဘေးအန္တရာယ်ကင်းကြပါစေ”ဟု မိုးကုတ်ဗျူဟာ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တိုက်ပွဲဝင် ကာကွယ်ရေးရဲဘော်များကို မြို့ခံလူထုက အောင်သပြေပန်း၊ ရှမ်းအိုးစည်၊ ရှမ်းအကများဖြင့် ကြိုဆိုခဲ့ကြသည်။

“ဒီလောက် ညီညွှတ်တဲ့ မြို့ဟာ လွတ်မြောက်သင့်တယ် မဟုတ်လားဗျာလွတ်မြောက်သင့်တယ် မဟုတ်လား။ ခေတ်ဟာ ပြောင်းခဲ့ပြီ ။ခေတ်ဟာ ပြောင်းနေပြီ ။ဦးဆောင်တိုက်ပွဲဝင်တဲ့ မဟာမိတ် PSLF /TNLAနှင့်တကွ NUG PDFများ တော်လှန်ရေးအင်အားစုများအားလုံးကို ကျေးဇူးတင်ရပါတယ် ။ကျေးဇူးတင်ထိုက်ဆုံးကတော့ မြို့လူထုပါဘဲ မြို့လူထုရဲ့ စိတ်အားထက်သန်မှုဟာ တော်လှန်ရေးရဲ့ တွန်းအားပါဘဲခင်ဗျာ”ဟု မန္တလေး PDFတပ်မှူးက လူမှုကွန်ရက် ၌ ယမန်နေ့က ရေးသားထားသည်။

မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အားလုံးရှင်းလင်းခဲ့ပြီး၊ မိုးမိတ်နှင့် နောင်ချိုတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်းTNLAက ယမန်နေ့(ဇူလိုင် ၂၄ရက်)ညတွင် သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။