Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူတွင် စစ်ကောင်စီကင်းစခန်းများ တိုက်ခိုက်မှု ၁၆ဦးသေ၊ သေနတ် ၁၆လက်ရ

စစ်ကောင်စီနှင့်ပျူစောထီးများ ကပ်စွဲထားသည့်အဆိုပါ ကင်းစခန်းကို ယမန်နေ့ ဇူလိုင် ၂၄ ရက် ညနေ ၃ နာရီခွဲတွင် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

မိထက်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာတံတားဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ၁၆ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

စစ်ကောင်စီနှင့်ပျူစောထီးများ ကပ်စွဲထားသည့်အဆိုပါ ကင်းစခန်းကို ယမန်နေ့ ဇူလိုင် ၂၄ ရက် ညနေ ၃ နာရီခွဲတွင် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/watch/?v=455207907353855

” တိုက်ပွဲမှာ ၁၃ယောက်သေပြီး ထွက်ပြေးတဲ့သူတွေကိုလိုက်ရှင်းတာ စုစုပေါင်း၁၆ယောက်သေတယ်။ သေနတ်တွေလည်းရတယ်”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲအပြီး၌ စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

MA1သေနတ် တစ်လက်၊ G3 သေနတ် သုံးလက်၊ပြောင်းချော သေနတ် တစ်လက်၊ ကာဘိုင် သေနတ် ၁၀ လက်၊ ၇၉ မမ တစ်လက်နှင့် ခဲယမ်းအချို့ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များကသိမ်းဆည်းရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအား ဗိုလ်ပိုင်ချဲ(ကန့်ဘလူခရိုင်အထူးလှုပ်ရှားတပ်ရင်း)နှင့် JH (KU) ပူးပေါင်းအဖွဲ့ မှတို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကန့်ဘလူမြို့တွင် ပျူစောထီးဘုန်းကြီး ဝါသဝအဖွဲ့က ဒေသခံများခြိမ်းခြောက်၍ ပြည်သူ့စစ် အဖွဲ့ဖွဲ့စည်းထားသည်။

ထို့ကြောင့် ဒေသတွင်းရှိပြည်သူ့စစ်များ၊ ပျူစောထီးများအနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် လာရောက်ပူးပေါင်းရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook