Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်တစ်မြို့လုံးကို ထိန်းချုပ်ထားပြီး စစ်ကောင်စီဗျူဟာကုန်းကို ထိုးစစ်ဆင်နေဟု PLA ပြော

PLAက ယနေ့(ဇူလိုင် ၂၅ရက်) ညနေပိုင်းတွင် မိုးမိတ်နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ရာ မိုးမိတ်သည် PLA၏ အောင်မြေဖြစ်ကြောင်း၊ မဟာမိတ် TNLA(တအာင်းတပ်မတော်)နှင့် အခြားသော မဟာမိတ်များ၏ အောင်မြလည်းဖြစ်ကြောင်း အသိပေးကာ မှတ်တမ်းဓာတ်ပုံအချို့ကို ဖော်ပြသည်။

မိုးမိတ်မြို့၌ တွေ့ရသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)မှ ရဲဘော်များ။ ဓာတ်ပုံ - PLA

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုးမိတ်မြို့ တစ်မြို့လုံးကို တော်လှန်ရေးပူးပေါင်းတပ်က ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

PLAက ယနေ့(ဇူလိုင် ၂၅ရက်) ညနေပိုင်းတွင် မိုးမိတ်နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ရာ မိုးမိတ်သည် PLA၏ အောင်မြေဖြစ်ကြောင်း၊ မဟာမိတ် TNLA(တအာင်းတပ်မတော်)နှင့် အခြားသော မဟာမိတ်များ၏ အောင်မြလည်းဖြစ်ကြောင်း အသိပေးကာ မှတ်တမ်းဓာတ်ပုံအချို့ကို ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ခဲ့သည့် မှတ်တမ်းဓာတ်ပုံတွင် မိုးမိတ်မြို့ ဆိုင်းဘုတ်ရှေ့၌ PLA ရဲဘော်ရောက်ရှိမှု အပါအဝင် PLA ရဲဘော်အချို့၏ လှုပ်ရှားမှု ဓာတ်ပုံများကို တွေ့ရသည်။

အဆိုပါ ထုတ်ပြန်မှုနှင့်ပတ်သက်၍ PLA သတင်းပြန်ကြားရေးတာဝန်ရှိသူအား မိုးမိတ် အခြေအနေကို မေးမြန်းရာ “မိုးမိတ် တမြို့လုံးကိုတော့ ထိန်းချုပ်ထားပါပြီ။ ဗျူဟာကုန်းကိုတော့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်”ဟု ဖြေကြားသည်။

TNLA၏ ဇူလိုင် ၂၄ရက် ယမန်နေ့ စစ်ရေးအခြေအနေ ဖော်ပြချက်တွင်လည်း မိုးမိတ်ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းတစ်ခုဖြစ်သည့် ဗျူဟာကုန်းကို ယမန်နေ့ နေ့လယ်က စတင် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု အသိပေးထားသည်။

TNLAနှင့် မဟာမိတ်များသည် ဇွန်လ ၂၅ရက်မှစတင်၍ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ပြန်လည်ဖော်ဆောင်ခဲ့ရာ တစ်လအတွင်း မိုးကုတ်၊ နောင်ချိုမြို့များကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ကျောက်မဲ၊ မိုးမိတ်မြို့များကိုလည်း ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ လက်ကျန် တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူမှာ စစ်ရေးတင်းမာနေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ စစ်တပ်က စစ်မှုထမ်းစေခိုင်းဖို့အတွက် အတင်းအဓမ္မလူသစ်စုဆောင်းမှုနဲ့ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့နယ်၊ရွှေတောကျေးရွာဘက်ကိုစစ်တပ်ကလေကြောင်းက​နေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပြီး ၁၂ရက်အတွင်း အရပ်သား ၄ဦး သေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။