Connect with us

Hi, what are you looking for?

သတင်း

သံတွဲနှင့်တောင်ကုတ်မြို့နယ်၌ရေဘေးကြုံ

သံတွဲချောင်းဖျားတောင်တန်းများတွင် မိုးကြီးနေသောကြောင့် သံတွဲမြို့နယ်အတွင်းရှိ သံတွဲချောင်း၊ သူဌေးချောင်း၊ ပြည့်ချောင်းတယများ လျှံတက်လာခြင်းဟု သံတွဲမြို့ဒေသခံများကပြောသည်။

သံတွဲမြို့ တွင်ရေကြီးရေလျှံနေစဥ်။ ဓါတ်ပုံ-CJ

မိထက်/People’s Spring

ရခိုင်ပြည်နယ်၊ သံတွဲနှင့်တောင်ကုတ်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ချောင်းများရေလျှံကာ ဒေသခံများ ရေဘေးကြုံတွေ့နေသည်။

သံတွဲချောင်းဖျားတောင်တန်းများတွင် မိုးကြီးနေသောကြောင့် သံတွဲမြို့နယ်အတွင်းရှိ သံတွဲချောင်း၊ သူဌေးချောင်း၊ ပြည့်ချောင်းတယများ လျှံတက်လာခြင်းဟု သံတွဲမြို့ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“ပင်လယ်ထဲလည်း ရေလျှံနေပြီး မိုးကလည်းသဲသဲမဲမဲရွာနေတယ်။ နေရာတော်တော်များများရေပြည့်နေပြီ” ဟု မြို့ခံတစ်ဦးကပြောသည်။

ဒွါရာဝတီမြို့သစ် ၊ သံတွဲမြို့ နံတော်ပြင်ပိုင်း၊ နတ်ပြင်ကျေးရွာ၊ ခြံပြင်ကျေးရွာ၊ လက်ပံစု၊ တော်ရော်တော ရွာဟောင်း တို့တွင် ချောင်းရေများနစ်မြုပ်နေပြီး ပြည်သူများသွားရေးလာရေး ခက်ခဲနေကြောင်း ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနများကဖော်ပြထားသည်။

တောင်ကုတ်မြို့တွင်လည်း ရေများနေပြီး မြေနိမ့်ပိုင်းနေရာများ ရေကြီးနစ်မြုပ်နေကြောင်း ဒေသခံများထံမှသိရသည်။ သို့သော် အဆိုပါ နှစ်မြို့နယ်မှ ရေ ဘေးသင့်ပြည်သူလူဦးရေစာရင်းကို မသိရှိရသေးပေ။ ဒေသခံများသည် ဆွေမျိုးသားချင်းများနှင့် ဘုန်းကြီး‌ေကျာင်းအချို့၌ သွားရောက်ခိုလှုံနေကြရသည်။

သံတွဲမြို့တွင် လတ်တလော၌ အာရက္ခတပ်တော်(AA) က စစ်ကောင်စီတပ်စခန်းအများစုကိုတိုက်ခိုက်သိမ်းပိုက်ပြီး လက်ကျန် စစ်​ကောင်

စီတပ်စခန်းများကို ရှင်းလင်းရေးထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ ရေဘေးကြောင့် ဒေသခံများသည် အခက်အခဲများ ယခင်ကထက်ကြုံတွေ့နေရကြရသည်။

ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ဇူလိုင်လကုန်အထိ ပုံမှန်ထက်မိုးကောင်းနိုင်၍ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေး ကြိုတင်သတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကသတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။