Connect with us

Hi, what are you looking for?

သတင်း

ဝမ်းရောဂါအတွက် မင်းတပ်ပအဖ ဓာတ်ဆားအလှူခံ

မင်းတပ်မြို့အနီးရှိ ကျေးရွာနှစ်ရာတွင် ပြီးခဲ့သည့်လအတွင်းက ပြင်းထန်ဝမ်းရောဂါ ဖြစ်ခဲ့ပြီးလေးဦးသေဆုံးခဲ့သည်။

သတိုး/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့အနီးရှိ ကျေးရွာများတွင် ပြင်းထန်ဝမ်းရောဂါဖြစ်ပွား၍ လူသေဆုံးသည်အထိဖြစ်ခဲ့ပြီး ရောဂါပြန့်ပွားမှုကို ထိန်းနိုင်ခဲ့သော်လည်း နောက်တစ်ကြိမ်ဖြစ်လာပါက ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဓာတ်ဆားများလှူဒါန်းပေးကြရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

“အန်ဝမ်းကျ ရောဂါကျ တခြားရောဂါနဲ့မတူပဲ အလျင်အမြန်ကို သေဆုံးစေတဲ့ပုံစံမျိုးလည်းဖြစ်တော့ ကျွန်တော့်တို့အနေနဲ့ အများကြီးဝယ်ယူထားမယ်၊ပြင်ဆင်ထားမယ် ဆိုရင်တော့ ကယ်ဆယ်နိုင်တာ ကာကွယ်နိုင်တာတွေရှိတယ်။ကျွန်တော်တို့ပြောထားသလို ပြီးသွားသော်လည်း မထင်ထားတဲ့နေရာမှာ ဟိုတစ်စ၊ဒီတစ်စ ပြန်ပေါ်တာလည်း ဖြစ်နိုင်တယ်။ ရဲဘော်တွေရော ပြည်သူတွေရော ကုသဖို့အတွက်ရော အချိန်မီအသက်ကယ်ဆယ်နိုင်ဖို့အတွက် အရေးကြီးပါတယ်။ အဲဒါကြောင့် အခုလိုအလှူခံခြင်းဖြစ်ပါတယ်။ ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့အနီးရှိ ကျေးရွာနှစ်ရာတွင် ပြီးခဲ့သည့်လအတွင်းက ပြင်းထန်ဝမ်းရောဂါ ဖြစ်ခဲ့ပြီးလေးဦးသေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။

ယင်းရောဂါကူးစက်မှုများရှိခဲ့သော်လည်း ရွာများကို Lock Down ပြုလုပ်ခြင်း ၊ Quarantine ပြုလုပ်ခြင်းတို့ကြောင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ပြီဟု ၎င်းက ဆိုသည်။

“ပြင်းထန်ဝမ်းရောဂါဟာ ရေနဲ့ဓာတ်ဆား အချိန်မှီမဖြည့်တင်းနိုင်ရင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ် ။ဒါကြောင့် ကျွန်တော်တို့ ဓာတ်ဆားတွေလည်း အများကြီးလိုအပ်လျက်ရှိပါတယ်။”ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

ဓာတ်ဆားတစ်ထုပ်လျှင် ၅၀၀ကျပ်နှုန်းဖြင့် အထုတ်ရေ နှစ်သောင်းအလှူခံမည်ဖြစ်ပြီး ၎င်းတို့၏ပေ့ခ်ျအပါအဝင် လှူဒါန်းနိုင်မည့် နေရာများကို ကြေညာပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

Facebook