Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် ကျုံးရေနည်းလာ၍ မြို့ပေါ်ရပ်ကွက်အချို့ သောက်သုံးရေပြတ်လပ်

မန္တလေးမြို့၊ အောင်မြေသာစံနှင့် ချမ်းအေးသာစံမြို့နယ်တို့တွင် ကျုံးအတွင်းမှတဆင့် ဖြန့်ဝေနေသည့် ရေမီတာမှ ရေမလာတော့၍ သောက်သုံးရေပြတ်လပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မန္တလေးကျုံးရေ ကျဆင်းနေသည်ကို ဇူလိုင်တတိယပတ်အတွင်းက တွေ့ရစဥ် ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးမြို့တွင် ကျုံးရေနည်းလာ၍ ရေမီတာက ပေးဝေနိုင်ခြင်းမရှိသောကြောင့် မြို့ပေါ် ရပ်ကွက် အချို့ သောက်သုံးရေပြတ်လပ်နေကြောင်း ဒေသခံများက ပြောသည်။

မန္တလေးမြို့၊ အောင်မြေသာစံနှင့် ချမ်းအေးသာစံမြို့နယ်တို့တွင် ကျုံးအတွင်းမှတဆင့် ဖြန့်ဝေနေသည့် ရေမီတာမှ ရေမလာတော့၍ သောက်သုံးရေပြတ်လပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ကြာပြီ။ လဆန်းပိုင်းကတည်းကမရတော့တာ။ ရေကားနဲ့ဝယ်သုံးနေရတယ်။”ဟု နန်းရှေ့ဒေသခံတစ်ဦးက ပြောသည်။

ထို့ကြောင့် သောက်သုံးရေပြတ်လပ်နေ၍ ရေကားများဖြင့် တစ်စီးလျှင် ကျပ်ခြောက်သောင်းဝန်းကျင်ဖြင့် ဝယ်ယူအသုံးပြုနေရကြောင်း ဒေသခံများက ပြောသည်။

ကျုံးရေမှာ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးမှဝင်ရောက်ခြင်းဖြစ်ပြီး ယခုလဆန်းပိုင်းက ဆည်တော်ကြီးအနီးရှိ တပ်စခန်းအား မန္တလေး PDF နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သည်။ ထိုသို့သိမ်းပိုက်ပြီးနောက် ရေပေးဝေရေးဝန်ထမ်းများ မရှိတော့သဖြင့် ရေမရတော့ခြင်းဖြစ် ကြောင်း ဒေသခံအချို့က ဆိုသည်။

အလားတူ လျှပ်စစ်မီးဖြင့် ရေတင်အသုံးပြုသည့် မန္တလေးမြို့ပေါ် အခြားနေရာများတွင်လည်း လျှပ်စစ်မီး အချိန်မှန်မရ၍ ရေပြတ်တောက်မှုများ မကြာခဏ ကြုံနေရကြောင်း မန္တလေးမြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။