Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းများ ထုတ်ပြန်

ဇူလိုင် ၂၄ ရက် ညနေ ၃နာရီ မိနစ် ၄၀ခန့်က မိုးကုတ်ဗျူဟာကုန်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်တွေ့ရသည့်အခြေအနေ မှတ်တမ်းဓာတ်ပုံများအား မိုးကုတ်ဗျူဟာက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဓာတ်ပုံ - မိုးကုတ်ဗျူဟာ

ဇေအောင်/People’s Spring

မိုးကုတ်ဗျူဟာကုန်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများအား မိုးကုတ်ဗျူဟာက အသိပေးထုတ်ပြန်သည်။

ဇူလိုင် ၂၄ ရက် ညနေ ၃နာရီ မိနစ် ၄၀ခန့်က မိုးကုတ်ဗျူဟာကုန်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်တွေ့ရသည့်အခြေအနေ မှတ်တမ်းဓာတ်ပုံများအား မိုးကုတ်ဗျူဟာက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ သိမ်းဆည်းရမိသော ခဲယမ်းများကိုလည်း ဓာတ်ပုံမှတ်တမ်းတွင် တွေ့ရသည်။

Public Service Announcement

Public Service Announcement

မိုးကုတ်မြို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၂၄ရက် ညနေ ၅နာရီတွင် အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။

အာဏာသိမ်းစစ်တပ်၏ လပခလက်အောက်ခံ ခလရ – ၇၈၊ ခလရ – ၈၈နှင့် ခလရ-၁၄၈ တပ်ရင်းများစခန်းချထားသည့် မိုးကုတ်မြို့သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၃၀ကျော်ကို ဖမ်းဆီးရမိထားကြောင်း၊ ထို့အပြင် အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ ၇၃လက် ၊ ၁၂၀ မမ ၂လက် ၊ ၆၀ မမ ၁၁လက် ၊ ၈၁ မမ ၁လက် ၊ ငါးကြင်းမှီး ၃လက် ၊ ပွိုင့်ဖိုက် ၁လက် ၊ RPG ၂လက်နှင့် တခြားခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း TNLAက အသိပေးထားသည်။

မိုးကုတ်စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ဒရုန်းတပ်ဖွဲ့သည် မဟာမိတ်များနှင့် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့နိုင်ခဲ့သည်ဟု မန္တလေး PDFက အသိပေးထားသည်။

မိုးကုတ်မြို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ပါဝင်ဆင်နွှဲနေသော စစ်ဆင်ရေးများတွင် တတိယမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။