Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ယနေ့ (ဇူလိုင် ၂၇)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ယနေ့ (ဇူလိုင် ၂၇)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

ရန်ကုန်​မြို့ တစ်​နေရာမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)က”ဆင်းရဲကျပ်တည်းမှုရဲ့ အဖြေမှန် စစ်အုပ်စုသာလျှင် တရားခံ”စာသားပါဘန်နာကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်စစ်ကြောင်း၊ ကယ်တင်ရှင်မရှာဒို့ကျေးရွာသပိတ်စစ်ကြောင်းတို့နဲ့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းက မတရားတဲ့ စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြရန် လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းနဲ့ မြောက်ခြမ်းကျေးရွာများသပိတ်စစ်ကြောင်းတို့က စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

မြင်းမူမြို့နယ်ရှိ ကျေးရွာမှာလည်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက နွေဦးရုပ်ရှင်ပြသခြင်း ၊ စစ်တပ်ထုတ်ကုန် မသုံးဘူး/မဲ မပေးဘူးဆိုတဲ့ ဘူးသပိတ်အကြောင်း ရှင်းပြခြင်း၊ လေကြောင်း အန္တရာယ်သတိပေးခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။

အရာတော်မြို့နယ်မှာလည်း ဘူးသပိတ်တိုက်ပွဲဆင်နွှဲရန် တိုက်တွန်းခြင်းနဲ့ တော်လှန်ရုပ်ရှင်ပြသခြင်းတို့ကို အရာတော်မြို့နယ်လူထုသပိတ် ဦးဆောင်ကော်မတီက ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် The Wayတော်လှန်ရုပ်ဇာတ်ကား ပြသခဲ့ပြီး စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ လူထုအားစစ်ရေးအသိရှိစေရန် ဟောပြောခြင်း၊ ဗုံးခိုခြင်းများ တူးဖော်ရန်တိုက်တွန်းခြင်း၊ လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရန် သတိပေးခြင်း၊ စစ်ကောင်စီကို ငွေမပေးရန်၊ဘူးသပိတ်တိုက်ပွဲဆင်နွှဲခြင်းတို့ ပြုလုပ်ရန် ဟောပြောခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ အရာတော်လူထုသပိတ်၊ ABFSU

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။