Connect with us

Hi, what are you looking for?

သတင်း

ပဋိပက္ခတွေ ပိုဆိုးမလာစေဖို့နဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့ စစ်ကောင်စီကို ဩစတြေးလျ တိုက်တွန်း

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က အာဏာသိမ်း မြန်မာ စစ်ကောင်စီ အနေနဲ့ ပြည်တွင်းစစ်ကို အရှိန်မြင့်တက်လာစေမယ့် အခြေအနေတွေကို ရှောင်လွှဲဖို့၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လေးစားလိုက်နာဖို့ တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်။ ဓါတ်ပုံ-AP

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က အာဏာသိမ်း မြန်မာ စစ်ကောင်စီ အနေနဲ့ ပြည်တွင်းစစ်ကို အရှိန်မြင့်တက်လာစေမယ့် အခြေအနေတွေကို ရှောင်လွှဲဖို့၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လေးစားလိုက်နာဖို့ တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

အာဆီယံ ဝန်ကြီးများအဆင့် ညီလာခံကို တက်ရောက်လာချိန်မှာ ဝေါင်က အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီး ပိုမို တောက်လောင်လာခြင်းဟာ ကျယ်ပြန့်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဆီ ဦးတည်စေတယ်လို့ ဝေါင်က ဆိုပါတယ်။

ဘုံသဘော တူညီချက် ၅ ရပ်ဟာ အာဆီယံက ရည်ရွယ်ထားတဲ့ ငြိမ်းချမ်းရေး အစီအမံ ဖြစ်ပေမယ့်လည်း အာဏာသိမ်း စစ်ကောင်စီက လေးစားလိုက်နာမှု မရှိခဲ့ခြင်းကြောင့် လက်တွေ့ အကျိုးဖြစ်ထွန်းမှု အရမ်းနည်းနေပါတယ်။ နောက်ပြီး မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခမှာ ဆက်နွှယ် ပတ်သက်တဲ့ အင်အားစုတိုင်းက တွေ့ဆုံဆွေးနွေးမှု နည်းလမ်းကို ငြင်းဆန်နေတာကြောင့် အားထုတ်မှုတွေက အချည်းနှီးလို ဖြစ်နေတယ်လို့ ဝေါင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ့ ပြည်တွင်း ပဋိပက္ခကြောင့် တည်ငြိမ်မှုနဲ့ လုံခြုံမှု ကင်းမဲ့တာတွေ၊ ထိခိုက်သေဆုံးတာတွေ၊ ဝမ်းနည်းနာကျင်စရာတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်လို့ ဝေါင်က လာအိုနိုင်ငံမှာ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

ဩစတြေးလျ အစိုးရကိုယ်စား စစ်ကောင်စီကို သူပေးပို့ချင်တဲ့ သတင်းစကားကတော့ ဒီလမ်းကြောင်းဟာ သူတို့အတွက်ရော၊ မြန်မာ ပြည်သူတွေအတွက်ပါ အကျိုးရှိစေမှာ မဟုတ်ကြောင်း၊ ဒါကြောင့် အာဆီယံရဲ့ ဘုံသဘောတူညီမှု ၅ ရပ်နဲ့ ကိုက်ညီ ထင်ဟပ်စေမယ့် ကွဲပြားတဲ့ လမ်းကြောင်းမျိုးဆီ ဦးတည်ဖို့ တိုက်တွန်းကြောင်း ဝေါင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာတဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် အနည်းဆုံး လူပေါင်း ၂.၆ သန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

အခုနှစ် အာဆီယံ ဝန်ကြီးများအဆင့် ညီလာခံမှာ မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခနဲ့ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှု ပြဿနာတွေဟာ အဓိက အကျဆုံး ဆွေးနွေးမှု ခေါင်းစဉ်တွေလည်း ဖြစ်လာခဲ့ပါတယ်။

ကိုးကား -Reuters

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အရေးယူမှုတွေ မြှင့်တင်ပေးဖို့ ဩစတြေးလျအစိုးရကို ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (UNI Global Union)အဖွဲ့ဝင်ဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍအလုပ်သမားသမဂ္ဂ (FSU)က တောင်းဆိုလိုက်ပါတယ်။