Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့သိမ်းတိုက်ပွဲနဲ့အတူ နာမည်ကျော်ခဲ့တဲ့ မိုးကုတ် အပြုံး

“အိမ်နဲ့ အဆက်အသွယ်မရလို့ ဆိုပြီး စိတ်ပူနေကြတဲ့ အဝေးရောက် မိုးကုတ်သူ/သားများအတွက်” ဟု ရေးသားပြီး တော်လှန်ရေးရဲဘော်တွေကို မိုးကုတ်မြို့ခံတွေ ကြိုဆိုနေကြတဲ့ ဓာတ်ပုံတွေ ကို TNLA တပ်ဖွဲ့ဝင်တစ်ဦးက မျှဝေခဲ့ပါတယ်။

မိုးကုတ်မြို့ တော်လှန်ရေးအဖွဲ့သိမ်းပိုက်ပြီးနောက် မြို့ခံများပျော်ရွှင်နေစဉ်။ ဓာတ်ပုံ - Mai A Hein

ဟန်နွေ /People’s Spring

ကမ္ဘာကျော် ပတ္တမြားထွက်ရှိရာ မိုးကုတ်မြို့ကိုတော်လှန်ရးတပ်တွေက ဇူလိုင် ၂၄ ရက်မှာအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ အကြောင်းကို ဒီတစ်ပတ်မှာ ပြောပြပါမယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း နဲ့ ရှမ်းမန်းစစ်ဆင်ရေးမှာ တော်လှန်ရေးတပ်တွေက နောင်ချို ၊မိုးကုတ် ၊ ကျောက်မဲ ၊ သီပေါ ၊မိုးမိတ် ၊ မတ္တရာ ၊စဥ့်ကူး မြို့က စစ်ကောင်စီတပ်စခန်းတွေကို ဇွန်လ ၂၅ရက် မနက်အစောပိုင်း မှာ စတင်ထိုးစစ်ဆင်ခဲ့တာပါ ။ အဲဒီ မြို့တွေထဲက မိုးကုတ်မြို့မှာတော့ ၁၀၂၇ ဒုတိယလှိုင်းထိုးစစ်ဟာ ကျန်မြို့တွေထက် နာရီ အနည်းငယ်စောပါတယ် ။ဇွန် ၂၄ ရက် ညကတည်းက မိုးကုတ်မြို့က စစ်တပ်စခန်းတွေကို တအာင်းတပ်မတော် (TNLA)နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ စတင်ထိုးစစ်ဆင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါကြောင့်စတင် ထိုးစစ်ဆင်ပြီး တစ်လအကြာ မှာပဲ ဇူလိုင် ၂၄ရက် ညနေမှာမိုးကုတ်မြို့နယ်ကစစ်တပ်စခန်းတွေအားလုံးကိုတော်လှန်ရေးတပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

မိုးကုတ်မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီ ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ တော်လှန်ရေးရဲဘော်တွေကို မိုးကုတ်ပြည်သူတွေက ကြိုဆိုနှုတ်ဆက်ကြတဲ့ မြင်ကွင်းနဲ့ မိုးကုတ်မြို့သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်မြေပြင်ရောက် တအာင်းတပ် TNLA ရဲဘော် တစ်ဦးက ပြည်သူလူထုကို ဇူလိုင် ၂၄ ရက်ညနေမှာ ပထမဆုံးပေးခဲ့တာလည်းဖြစ်ပါတယ်။

“အိမ်နဲ့ အဆက်အသွယ်မရလို့ ဆိုပြီး စိတ်ပူနေကြတဲ့ အဝေးရောက် မိုးကုတ်သူ/သားများအတွက်” ဟု ရေးသားပြီး တော်လှန်ရေးရဲဘော်တွေကို မိုးကုတ်မြို့ခံတွေ ကြိုဆိုနေကြတဲ့ ဓာတ်ပုံတွေ ကို TNLA တပ်ဖွဲ့ဝင်တစ်ဦးက မျှဝေခဲ့ပါတယ်။ စစ်တပ်ကင်းစင်သွားတဲ့ မိုးကုတ်မြိုက ပြည်သူတွေဟာ အောင်ပွဲရ တော်လှန်ရေးရဲဘော်တွေကို အပြုံးနဲ့ အောင်သေပြေတွနဲ့ ကြိုဆိုနေကြတဲ့ မြင်ကွင်းဟာ မြင်တွေ့ရသူတွေအဖို့ ကြည်နူးစရာဖြစ်ပြီး အဲဒီ ဓာတ်ပုံမှတ်တမ်းတွေကို မျှဝေသူ သောင်းချီရှိခဲ့ပါတယ်။ စစ် ကောင်စီတပ်အောက်ကလွတ်မြောက်သွားလို့ မိုးကုတ်က ပြည်သူတွေရဲ့ ဟန်ပန်ကင်းပြီး ရိုးသားလှတဲ့ အပျော်တွေဟာ နိုင်ငံတဝန်းက ပြည်သူတွေဆီကိုပါ အချိန်တိုးအတွင်း အပျော်ကူးဆက်စေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။

သတင်း

မိုးကုတ်မြို့ဝန်းကျင်မှာတော်လှန်​ရေးတပ်​တွေက​ လေး​လ​ခန့်ကြာခုခံတိုက်ခိုက်ခဲ့

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ခြမ်းမှာ တော်လှန်ရေးတပ်တွေစိုးမိုးနယ် မြေထဲကျွံဝင်လာတဲ့စစ်တပ် နဲ့ တော်လှန်ရေးတပ် တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား၇ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးမှာ တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီ ဗုံးကြဲလေယာဉ်တချို့ ပျံဝဲနေတယ်လို့ မြို့ခံတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေကြပါတယ်။