Connect with us

Hi, what are you looking for?

သတင်း

ဘားအံအပါအဝင် သံလွင်မြစ်ကမ်းကျေးရွာများ ရေဘေးကြုံနေ

မိုးသည်းထန်စွာရွာသွန်းနေပြီး သံလွင်မြစ်ရေကြီးလာခြင်းကြောင့် ဇူလိုင်(၂၅)ရက်မှစ၍ ဘားအံမြို့နှင့် သံလွင်မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ရေကြီးမှုကြောင့် ဘားအံ-လှိုင်းဘွဲလမ်း၊ ဘားအံ-မော်လမြိုင်လမ်း၊ ဘားအံ-သထုံးကားလမ်းတို့တွင် ယာဉ်ငယ်များ သွားလာလို့မရကြောင်း ဒေသခံများက ပြောသည်။

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် သံလွင်မြစ်ရေထပ်တက်လာ၍ ဘားအံမြို့အပါအဝင် သံလွင်မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများ ရေကြီးမှုဘေးကို ဆိုးရွားစွာခံစားနေရပြီး ပြည်သူသောင်းချီ ရေဘေးသင့်နေရသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

မိုးသည်းထန်စွာရွာသွန်းနေပြီး သံလွင်မြစ်ရေကြီးလာခြင်းကြောင့် ဇူလိုင်(၂၅)ရက်မှစ၍ ဘားအံမြို့နှင့် သံလွင်မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ရေကြီးမှုကြောင့် ဘားအံ-လှိုင်းဘွဲလမ်း၊ ဘားအံ-မော်လမြိုင်လမ်း၊ ဘားအံ-သထုံးကားလမ်းတို့တွင် ယာဉ်ငယ်များ သွားလာလို့မရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ရေကြီးမှုကြောင့် ဘားအံမြို့ပေါ်နှင့် အချို့ကျေးရွာများတွင် ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားခဲ့ရပြီး အဆိုပါရေဘေးရှောင်ကယ်ဆယ်ရေးစခန်းတွင် ပြည်သူထောင်ချီ ရောက်ရှိခိုလှုံနေထိုင်ရကာ ရေကြီးမှုကြောင့် မရွှေ့ပြောင်းနိုင်ဘဲ ပိတ်မိနေသူများကိုလည်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ခေါ်ထုတ်နေရသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ ဇူလိုင်(၂၈)ရက်တွင် သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် (၉၄၄)စင်တီမီတာအထိ ကျော်လွန်ရောက်ရှိနေပြီး ယခင် (၂၀၁၈)ခုနှစ် မြစ်ရေကြီးသည့် စံချိန် (၉၃၈)စင်တီမီတာထက် ပိုများနေသည့်အတွက် ဘားအံမြို့တွင် ရေကြီးမှုစံချိန်သစ်တင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ဒီနှစ်ကတော့ ရေကြီးတာက ချက်ချင်းတက်တယ်။ ပြီးတော့ အရင်စံချိန်ထက်ကို ကျော်သွားတဲ့အတွက် တော်တော်တော့ အနိမ့်ပိုင်းတွေ ပိုပြီးတော့ဒုက္ခရောက်မယ်ပေါ့နော်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း သံလွင်မြစ်ရေအတက်မြန်သည့်အတွက် ဘားအံမြို့ရှိ အမြင့်ပိုင်းရပ်ကွက်မှလွဲ၍ အနိမ့်ပိုင်းရပ်ကွက်များ၌ နေအိမ်အများအပြား ရေနစ်မြုပ်ဖြစ်ခဲ့ပြီး လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် စားစရာနှင့် သောက်ရေသန့်အကူအညီများ လိုအပ်လျက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ကရင်ပြည်နယ် ဘားအံမြို့အပါအဝင် ကမမောင်း၊ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ မြ၀တီမြို့တို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းအပါအဝင် လမ်းပိုင်းအချို့ ပြတ်တောက်သွားခဲ့ပြီး မြ၀တီမြို့တွင် ရေကြီးမှုကြောင့် ပြည်သူနှစ်ဦးထက်မနည်း သေဆုံးသွားခဲ့သည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇူလိုင်(၂၈)ရက် ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လည်တည်ရှိနေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်နိုင်သလို လာမည့်ဩဂုတ်တွင်လည်း သံလွင်မြစ်ရေနှင့် သောင်းရင်းမြစ်ရေတို့မှာ စိုးရိမ်ရေမှတ်ထက်ကို ကျော်လွန်ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )ကထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဘားအံ(ဖားအံ)မြို့နယ် နို့ဘယ်ဘောကျေးရွာအုပ်စု မဲ့ဘောခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။