Connect with us

Hi, what are you looking for?

သတင်း

လားရှိုးထောင်ပေါက်ပြီး ဒီချုပ်ပါတီဗဟိုအလုပ်အမှုဆောင်အပါအဝင် နိုင်ကျဥ်းအားလုံး လွတ်မြောက်

MNDAAပူးပေါင်းတပ်က သက်ဆိုင်ရာလမ်းကြောင်းများဆွဲပြီး နေရပ်ပြန်ပို့ပေးမည်ဟုဆို

ကိုပုဂံ/People’s Spring

လားရှိုးမြို့အကျဉ်းထောင်အနီးတွင် ယနေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကျဥ်းထောင်ရှိ နိုင်ငံရေး အကျဥ်းသားများအားလုံးလွတ်မြောက်လာပြီး ဒီချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်လည်း လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

လားရှိုးအကျဥ်းထောင်ရှိ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားများအား ကိုးကန့်တပ်မတော်(MNDAA)ပူးပေါင်းတပ်ကစီစစ်ပြီးသက်ဆိုင်ရာလမ်းကြောင်းများဆွဲ၍ ‌နေရပ်ပြန်ပို့ပေးမည်ဟု ကြားသိရကြောင်း နောင်ချိုမြို့မှ PDFရဲဘော်တစ်ဦးက ပြောသည်။

လားရှိုးအကျဥ်းထောင်၌ စစ်အာဏာသိမ်းမှုဆန့်ကျင်မှုကြောင့် မတရားဖမ်းဆီးခံရသော ဒီချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်၊ လားရှိုးပြည်သူ့ဆေးရုံအုပ်ကြီး အပါအဝင် လားရှိုးမြို့ရှိ ဒီချုပ်ပါတီဝင်များ၊ ရှမ်းမြောက်ရှိ စစ်အာဏာသိမ်းမှုဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရသူ စုစုပေါင်း ၄၀၀ကျော်ရှိသည်ဟု ကြားသိရကြောင်း ရှမ်းမြောက်ရှိ လူထုနွေဦး၏ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သိန္နီ၊ကွတ်ခိုင်၊ကွမ်လုံမြို့များ ပြန်ရမည့် နိုင်ငံရေးအကျဥ်းသားများအား ယနေ့တွင် စီစစ်၍ နေရပ်ပြန်ပို့ပေးသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။

“မနက်က ထောင်မှာတိုက်ပွဲဖြစ်ပြီး အားလုံးလွတ်ကုန်တာပြောတယ်။ နောင်ချိုက အဖမ်းခံရတဲ့ သူတွေ အကုန်လွတ်လာတယ်ကြားတယ်”ဟု ၎င်းက ပြောသည်။

လားရှိုးအကျဉ်းထောင်သည် လားရှိုးမြို့ ရပ်ကွက်(၁၂)၌ရှိပြီး စစ်ကောင်စီက တပ်စွဲထားသည့် ယင်းနေရာအနီး၌ ယမန်နေ့ ညနှင့် ယနေ့(ဇူလိုင်၂၈ရက်)နံနက်အထိ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“လားရှိုးထောင် ပွင့်တာအမှန်ပါ။ မနက် ၁၁နာရီလောက်က ပွင့်တာပါ။ အကျဉ်းသားတွေ လွတ်သွားပါတယ်”ဟု People’s Spring ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့်နီးစပ်သည့် လားရှိုးမြို့ခံ အချို့ကလည်း လူမှုကွန်ရက်၌ ရေးသားထားသည်။သို့သော် လားရှိုးမြို့ရှိ စစ်ကောင်စီတပ်များအား တိုက်ခိုက်သိမ်းပိုက်နေသည့် MNDAAကမူ တရားဝင်သတင်း မထုတ်ပြန်သေးပေ။

ထို့အပြင် ဇူလိုင် ၂၇ရက် ညနေ ၅နာရီတွင် MNDAA၏ ၆၁၁ တိုင်းရင်းသားတပ်မဟာက မင်းအောင်လှိုင် အာဏာသိမ်း စစ်တပ်၏ ခလရ(၆၈)အတွင်းရှိ စခန်းအားလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ယာဉ် ၁၀စီးအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိနိုင်ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

ကိုးကန့်တပ်ဖွဲ့က ခလရ(၆၈)အလံတိုင်တွင် ကိုးကန့်တပ်ဖွဲ့အလံ လွှင့်ထူခဲ့ပြီး သိမ်းဆည်းလက်နက်ခဲယမ်း အချို့နှင့် စစ်ကားများကို ဖော်ပြခဲ့သည်။ ခလရ (၆၈)နှင့် ခလရ(၄၁)တို့ကို MNDAAက ယခင်ရသတ္တပတ်အတွင်းကတည်းက သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံကအချို့က ပြောသော်လည်း MNDAA ယခု ရက်ပိုင်းအတွင်း သိမ်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

MNDAAသည် ဇူလိုင် ၂၇ရက် နံနက်တွင်လည်း လားရှိုးမြို့ ဆင်တောင်ထိပ်ရှိ စစ်ကောင်စီ အသံလွှင့် ကုန်းမြင့်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း အသိပေးထားသည်။

လားရှိုးမြို့ကို ကိုးကန့်တပ်မတော် (MNDAA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစဉ် ဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ

“၀”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)တပ်ဖွဲ့ဝင် ၅၀၀ခန့်က ဝင်ရောက်နေရာယူထားသည်။

မြို့သို့မဝင်မီတွင် MNDAA မဟာမိတ်များနှင့်စစ်ကောင်စီတို့ကို အကြောင်းကြားခဲ့ပြီး နှစ်ဖက်စလုံး၏ သဘောတူညီချက်ဖြင့် အဆင်ပြေစွာ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး စစ်ရေး၌ဝင်ရောက်မစွက်ဖက်ဟု “ဝ”ပြောရေးဆိုခွင့်ရှိသူက ပြောထားသည်။

ထို့အပြင် လားရှိုးမြို့နယ်အုပ်ချုပ်ရေးအတွက် အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်မည်ဟု MNDAAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လိင်ပိုင်းဆိုင်ရာနဲ့ Gender (ကျား၊ မ ဆိုင်ရာ ဖြစ်တည်မှု) အပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေဟာ ထိန်းသိမ်းခံထားရသူတွေအပေါ် ပြုလုပ်တဲ့ ပုံမှန် ညှဉ်းပန်းနှိပ်စက်မှုပုံစံတစ်မျိုး ဖြစ်ပြီး၊ မုဒိမ်းကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အရှက်ခွဲမှု၊ စော်ကားတဲ့ပုံစံနဲ့ ခန္ဓာကိုယ်အတွင်းထိ စစ်ဆေးမှုတွေနဲ့ စောင့်ကြည့်မှုတွေ ပါဝင်ပါတယ်။

သတင်း

မြန်မာနွေဦးတော်လှန်ရေးအပြီးသတ်အောင်ပွဲရရှိဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြိုးစားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ လုပ်ဆောင်မှု​တွေကို ထောက်ခံကြောင်း အကျဉ်းထောင်တခုမှာ အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေက သဘောထား ကြေညာချက်ကို ​ထောင်အတွင်းမှစာ​ရေးသား ထုတ်ပြန်လိုက်ပြီး SCEFကို ပံ့ပိုးကူညီကြဖို့ အတူလက်တွဲဆောင်ရွက်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေကိုတိုက်တွန်းထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

Facebook