Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်ရှိ စစ်ကောင်စီကင်းစခန်း သိမ်းပိုက်၊ မိုးမိတ်ဗျူဟာအား TNLA ဆက်လက် ထိုးစစ်ဆင်

ကျောက်မဲတွင် တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီထံမှလက်နက် ၁၁လက် ထပ်မံသိမ်းရ

TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

ရှမ်းမြောက် မိုးမိတ်မြို့၊ နောင်ချိုမြို့နှင့်ကျောက်မဲမြို့များ၌ ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးမိုးမိတ်တွင် စစ်ကောင်စီကင်းစခန်းတစ်ခုသိမ်းရဟု တအာင်းတပ်မတော်(TNLA)က ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ၃၅ရက်မြောက် ဇူလိုင် ၂၉ရက် စစ်ရေးအခြေအနေကို အသိပေးခြင်းဖြစ်သည်။

မိုးမိတ်ရှိ စစ်ကောင်စီကင်းစခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – TNLA

မိုးမိတ်မြို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ် ခမရ (၃၄၈)တပ်ရင်းတို့နှင့် တိုက်ပွဲဖြစ်ပွားရာ၌ စစ်ကောင်စီတပ်၏ အဝေးကင်းစခန်းတစ်ခုကိုသိမ်းနိုင်ခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မိုးမိတ်ဗျူဟာကုန်းအား ယနေ့ညနေပိုင်း၌ ဆက်လက်၍ စစ်ဆင်ရေးပြုလုပ်လျက်ရှိပြီး စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) ခလရ (၃၄၈)တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။

ကျောက်မဲတွင်လည်း စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁)လက်အောက်ခံ ခမရ (၅၀၁၊ ၅၀၂)ရှိ လွယ်ခွန်တောင်နှင့် တာဝါတိုင်စခန်းကုန်းအား TNLAက ထိုးစစ်ဆင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ လက်ကျန်စခန်းများလိုက်လံရှင်းလင်းရာတွင် သေနတ် (၁၁)လက်သိမ်းဆည်းရမိထားကြောင်းအသိပေးသည်။

စစ်ကောင်စီဘက်ကလည်း ခမရ(၅၀၂)စခန်းမှ မန်အောင်ဘုန်းတော်ကြီးကျောင်းဘက်သို့ ဟောင်ဝင်ဇာလက်နက်ကြီး အလုံး(၃၀) ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုသို့လက်နက်ကြီးတိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးရှိမရှိကို ဖော်ပြမထားပေ။

TNLA သိမ်းပိုက်ထားပြီးဖြစ်သည့် နောင်ချိုမြို့နယ်တွင်လည်း ယနေ့တိုက်ပွဲဖြစ်ခဲ့ဟု အသိပေးသည်။နောင်ချိုမြို့နယ် ရေဖြူဘုန်းကြီးကျောင်းမှ တဆင့် TNLA ရှိရာသို့ ထိုးစစ်ဆငလာ၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

TNLAအနေဖြင့် နောင်ချိုအပြင် မိုးကုတ်မြို့ကိုပါအလုံးစုံသိမ်းပိုက်ထားပြီးဖြစ်ကာ မိုးမိတ်၊ ကျောက်မဲ မြို့များထပ်မံသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။