Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် – မန္တလေးအမြန်လမ်း၌ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ယာဉ်တစ်စီးပျက်စီး

ရန်ကုန် – မန္တလေးအမြန်လမ်းပိုင်း၌ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ယာဉ်တစ်စီးပျက်စီးမှုရှိကြောင်း သတင်းရရှိသည်။

အမြန်လမ်း၌ ပျက်စီးသွားသော စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ - File Photo

အင်ကြင်း/People’s Spring

ရန်ကုန် – မန္တလေးအမြန်လမ်းပိုင်း၌ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ယာဉ်တစ်စီးပျက်စီးမှုရှိကြောင်း သတင်းရရှိသည်။

ယနေ့ (ဇူလိုင်၂၉ရက်) နံနက် ၈နာရီခန့်က မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန် – မန္တလေးအမြန်လမ်း လမ်းပိုင်းတနေရာ၌

Public Service Announcement

Public Service Announcement

မန္တလေးမြို့ဘက်မှ မောင်းနှင်လာသည့် အင်အား(၄၀)ခန့်ပါ စစ်ကား သုံးစီးအား နွားထိုးကြီး PDF အဖွဲ့က မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် စစ်ကားတစ်စီး မီးလောင်ပြီး ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း နွားထိုးကြီး PDFက ထုတ်ပြန်သည်။

နွားထိုးကြီး PDFက ထုတ်ပြန်သည့် ရုပ်သံတွင် စစ်ကားတစ်စီးပျက်စီးပြီး ရပ်တန့်ထားသည်ကို တွေ့ရသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ခိုက်မှုနှင့်ပတ်သတ်၍ နွားထိုးကြီး PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီထောက်ခံသော တယ်လီဂရန်ချန်နယ်များတွင်လည်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၃၂၂)၌ မိုင်းကွဲခဲ့ကြောင်း ဝါဒဖြန့်နေသည်။

ဇူလိုင် ၂၁ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မိတ္ထီလာမြို့မှ့ မန္တလေးမြို့ဘက်သို့ စစ်ကူလာသော စစ်ကားနှစ်စီးအား နွားထိုးကြီး PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှု ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။