Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ ဖြူရောင်ကုန်းမှ ထွက်​ပြေး​သောစစ်သား၂၀ဦးကို လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိ

မိုးကုတ်တွင် TNLAဖမ်းဆီးရမိသော စစ်သုံ့ပန်းများ။ ဓာတ်ပုံ - TNLA

ဇေအောင်/People’s Spring

မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဖြူရောင်ကုန်းမှ စစ်သုံ့ပန်း ၂၀ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိကြောင်း တအာင်းတပ်မတော် (TNLA)က ယနေ့(ဇူလိုင်၂၉ရက်)ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

တပ်မဟာ (၂)နယ်မြေ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဖြူရောင်ကုန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများအား လိုက်လံရှင်းလင်းရာ စစ်သုံ့ပန်း ၂၀ဖမ်းဆီးရမိထားပြီး လက်နက်ခဲယမ်း ၂၃လက် သိမ်းဆည်းရမိခဲ့ကြောင်း TNLA၏သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့နောက် တပ်မဟာ (၃) နယ်မြေ မိုးမိတ်မြို့တွင် လက်ကျန်စစ်ကောင်စီတပ်စခန်းများအား တအာင်းတပ်မတော် TNLAက လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်၏ လုံခြုံရေးကုန်းမှ သေနတ်(၈)လက်၊ RPG တစ်လက်၊ ငါးကျည်းမြှီး တစ်လက်၊ ၆၀မမ ပြောင်းတို တစ်လက်၊ ၆၀မမ ပြောင်းရှည် တစ်လက်၊ ၈၁ မမ နောက်ပွင့် တစ်လက် စုစုပေါင်း ၁၃လက် သိမ်းဆည်းရမိခဲ့သည်ဟု တအာင်းတပ်မတော် TNLA က ထပ်မံ အသိပေးသည်။

တအာင်းပြည်တပ်မဟာ (၂)နယ်မြေ ကျောက်မဲမြို့တွင်လည်း TNLAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ တပ်မ (၁၁)၊ ခမရ (၅၀၁) တပ်စခန်းတို့၌ လက်နက် (၃၇)လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီထံမှ သိမ်းဆည်းရမိထားသည့် လက်နက်များသည် MA1 (၉)လက်၊ MA2 နှစ်လက်၊ MA3 (၁၅)လက်၊ MA11 (၆)လက်၊ M22 တစ်လက်၊ RPG တစ်လက်၊ ၄၅ မမ တစ်လက်၊ ၆၀မမ တစ်လက်၊ Pistol တစ်လက်အပြင် စကားပြောစက်၊ ကျည်ဆံနှင့် စစ်အသုံးအဆောင်ပစ္စည်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု TNLAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။