Connect with us

Hi, what are you looking for?

သတင်း

မခေါက်ရွာတွင် စစ်ကောင်စီရေယာဥ်တပ်စွဲပြီး စဉ့်ကူးမြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်စဥ့်ကူးမြို့ကို စစ်ကောင်စီက ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေပြီး ရေကြောင်းမှ အင်အားဖြည့်တင်းရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

စဉ့်ကူမြို့နယ် ရွာသာယာစခန်းသိမ်းတိုက်ပွဲဝင် ပြည်သူ့ကာကွယ်ရေးရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

ယောနသံ/People’s Spring

ဧရာဝတီမြစ်ကြောင်းမှတက်လာသည့် စစ်ကောင်စီရေယာဥ်လေးစီးသည် ကျောက်မြောင်းမြို့နယ် မခေါက်ကျေးရွာတွင် ကမ်းကပ်၍ စဉ့်ကူးမြို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်စဥ့်ကူးမြို့ကို စစ်ကောင်စီက ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေပြီး ရေကြောင်းမှ အင်အားဖြည့်တင်းရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

” မန္တလေးကနေတက်လာပြီး မခေါက်မှာ တပ်စွဲထားပြီ။ အဲ့ဒီကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ပြည်သူတွေ ဘေးကင်းအောင် အန္တရာယ် ကင်းမယ့်နေရာတွေမှာ စီမံပေးနေပါတယ်”ဟု

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့် စဉ့်ကူးမြို့ကို ဇူလိုင် ၁၇ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စစ်သုံ့ပန်းအများအပြားဖမ်းမိပြီး ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဈင်များသည် မခေါက် ရွာ၌ တပ်စွဲကာ လက်နက်ကြီးများတပ်ဆင်၍ စဉ့်ကူးမြို့အား ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီသည် ဇူလိုင် ၁၉ရက်ကလည်း ဧရာဝတီမြစ်အတွင်း စစ်သင်္ဘောများပေါ်မှနေ၍ စဉ့်ကူးမြို့အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို လေကြောင်းမှလည်း တိုက်ခိုက်ခဲ့သည်။

ထို့အပြင် စဉ့်ကူးမြို့အား ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သတင်းလိမ်လည်းထုတ်ပြန်ခဲ့သည်။

စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအပါအဝင် ၂၈ဦး ဖမ်းဆီးထားကြောင်း မိုးကုတ်ဗျူဟာ အမှတ် (၁၂၂၂) တပ်ရင်းက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန် ထားသည်။

ထို့အပြင် လူသတ်မှု၊ မဒိမ်းမှုများကျူးလွန်ခဲ့သည့် ပျူစောထီးခေါင်းဆောင်အပါအဝင် ပျူစောထီး ၄၀ထက်မနည်းဖမ်းမိခဲ့သည်။

ဖမ်းမိထားသော ပျူစောထီးများ၏ ကျူးလွန်ခြင်းခံရသူများအနေဖြင့် အမှုတစ်ခုချင်းစီအလိုက် လာရောက် အသိပေးတိုင်ကြားရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒေသခံများအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကြက်တူရွေး ကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ရွှေဘယက်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ (၆၄)နှစ်အရွယ် ဒေသခံ အမျိုးသား ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။