Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံခရိုင်တွင် ထင်ရှားသည့် တော်လှန်ရေးသမားကိုဇင် ကျဆုံး

မြင်းခြံခရိုင် တပ်ရင်း(၁)၊ 27 Revolution Force အဖွဲ့မှ (၄၁)နှစ်အရွယ် ကိုသန့်ဇင် ဝင်း(ခ)ရဲဘော် ကိုဇင်သည် ကျန်းမာရေးမကောင်းသဖြင့် ဇူလိုင် ၂၈ရက်က ကျဆုံးခဲ့ကြောင်း တပ်ရင်း(၁)၏ တာဝန်ရှိသူက ပြောသည်။

ကျဆုံးခဲ့သော ရဲဘော်ကိုဇင်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရာဒေသ၌ ထင်ရှားသည့် တော်လှန်ရေးသမားဖြစ်သူ မန္တလေးတိုင်း၊ မြင်းခြံခရိုင်တပ်ရင်း (၁)မှ ရဲဘော်ကိုဇင်ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မြင်းခြံခရိုင် တပ်ရင်း(၁)၊ 27 Revolution Force အဖွဲ့မှ (၄၁)နှစ်အရွယ် ကိုသန့်ဇင် ဝင်း(ခ)ရဲဘော် ကိုဇင်သည် ကျန်းမာရေးမကောင်းသဖြင့် ဇူလိုင် ၂၈ရက်က ကျဆုံးခဲ့ကြောင်း တပ်ရင်း(၁)၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ရဲဘော်ကိုဇင်သည် နွေဦးတော်လှန်ရေးစကတည်းက လက်ရှိအချိန်ထိ တော်လှန်ရေးတစ်ရပ်လုံးအတွက် အထောက်ပံ့ကောင်းဖြစ်ပြီး မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ် တို့ တိုင်း သုံးတိုင်းဆုံစည်းရာ ဧရာချင်းတွင်းမြစ်ဆုံ ဒေသများကို တော်လှန်ရေးအားကောင်းအောင် ဆောင်ရွက်ပေးခဲ့သူတစ်ဦးဖြစ်ကြောင်းဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

“မြင်းခြံသားတွေထဲရေလယ်ကျွန်း၊ မြောင်ဘက်မှာအစောဆုံးရောက်ရှိပြီး စစ်ကိုင်း၊မကွေး၊မန္တလေးတိုင်း၊ မြင်းခြံခရိုင်ဘက်တွေမှာ ဖက်ဆစ်မြန်မာအကြမ်းဖက်စစ်တပ်ပြုတ်ကျရေးလုပ်ငန်းစဉ်တွေမှာအများကြီးကြိုးစားဆောင်ရွက်ခဲ့သူလည်းဖြစ်တယ်။ နွေဦးတော်လှန်ရေးကာလမြင်းခြံသမိုင်းမှာမေ့ထားခဲ့လို့မဖြစ်တဲ့ရဲဘော်တစ်ဦးလည်းဖြစ်ပါတယ်။”ဟု မြင်းခြံနယ်ခံတစ်ဦးက ပြောသည်။

ရဲဘော်ကိုဇင်၏ နာရေးအား ယမန်နေ့ (ဇူလိုင်၂၉ရက်)က စျာပနကျင်းပပြီးစီးခဲ့ပြီး ​ဒေသကာကွယ်ရေးအဖွဲ့များ၊ ပြည်သူများအများအပြားလိုက်ပါပို့ဆောင်ခဲ့ကြသည်။

မြင်းခြံခရိုင်သည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးအားကောင်းရာဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ် မီးရှို့ဖျက်ဆီးခြင်းများ မကြာခဏ ရင်ဆိုင်နေရသည်။

(ကျဆုံးခဲ့သော ရဲဘော်ကိုဇင်၏ နာရေးအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့ အနောက်မြောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်တွေကြား စစ်ရေး တင်းမာနေတယ်လို့သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ တပ်စခန်းများတိုက်ခိုက်ခံရပြီးနောက် မန္တလေးနှင့် ပခုက္ကူမြို့တို့မှ စစ်ကောင်စီတပ်သားများတင်ဆောင်လာသည့် သင်္ဘောလေးစီးသည် ဆီမီးခုံမြို့ဆိပ်ကမ်းကို ဦးတည်လာနေကြောင်း စစ်ဘက်သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သား ပြည်သူ ၇,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်း (၅)နေရာထက်မနည်းကို ယနေ့(မေလ ၁၅ ရက်)နံနက်ပိုင်းမှစတင်ကာ တော်လှန်ရေးပူးပေါင်းတပ်များက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်​ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးသတင်း ရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။