Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်ဗျူဟာနှင့် ဒိုးပင်ရွာ၌ တိုက်ပွဲဖြစ်

TNLAထိုးစစ်ဆင်နေသည့် ကျောက်မဲမြို့စစ်ကောင်စီတပ်ရင်းများကို လေကြောင်းမှ လက်နက်ခဲယမ်းဖြည့်တင်း

စစ်ကောင်စီ​၏ Y12 လေယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုးမိတ်မြို့ စစ်ကောင်စီဗျူဟာကုန်း နှင့် မိုးမိတ်မြို့နယ် ဒိုးပင်ရွာ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၃၆ရက်မြောက် ဇူလိုင် ၃၀ရက် စစ်ရေးသတင်းများကို အသိပေး ထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၄ရက်ကတည်းက TNLAမဟာမိတ်တပ်များက ထိုးစစ်ဆင်နေသည့် မိုးမိတ်ဗျူဟာကုန်းအား ယနေ့ နံနက်တွင်လည်း ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မိုးမိတ်ဗျူဟာကုန်းသို့ စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံး ၁၄လုံး လာရောက်ကြဲချခဲ့ကြောင်း ထုတ်ပြန်သည်။

အလားတူ မိုးမိတ်မြို့နယ် ဒိုးပင်ရွာတွင်လည်း တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ (၂၇၆)တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲ၌ ထိခိုက်ကျဆုံး အခြေအနေများကိုထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။

TNLAက ထိုးစစ်ဆင်နေသည့် ကျောက်မဲမြို့နယ် စစ်ကောင်စီတပ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းသို့ လည်း စစ်ကောင်စီတပ်မှ Y12ဖြင့် လက်နက်ခဲယမ်းများ လာရောက်ပို့ချပေးခဲ့ကြောင်း ထုတ်ပြန်သည်။

TNLAသည် ကျောက်မဲမြို့ကို စိုးမိုးထိန်းချုပ်ထားပြီး မြို့နယ်အတွင်းကျန်နေသည့် စစ်ကောင်စီတပ်ရင်းအချို့ကိုဆက်လက် တိုက်ခိုက်နေခြင်းဖြစ်သည်။ အဆိုပါ ကျောက်မဲရှိတပ်ရင်း ၂ခုကို ဇွန်လကုန်ပိုင်းကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး တိုက်ပွဲမှာ ၁လခန့်ကြာနေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။