Connect with us

Hi, what are you looking for?

သတင်း

ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းပြီး ဒေါ်လာနှင့် ထိုင်းဘတ် အဝယ်များနေ

အ​ခေါက်​ရွှေ တစ်ကျပ်သား ၆၇ သိန်းကျပ် ၊​တစ်ဒေါ်လာ ၅၃၅၀ ကျပ်အထိတက်

ငွေ​ကြေး​ဈေးကွက်တွင်ကျပ်​ငွေတန်ဖိုးဆက်တိုက်ကျဆင်း​နေသည်။ ဓါတ်ပုံ- Bangkok Jack

စောနွေဦး/ People’s Spring

မြန်မာကျပ်ငွေ ဆက်တိုက်ကျဆင်းလာခြင်းကြောင့် နိုင်ငံခြားငွေများအဝယ်လိုက်နေကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှ သိရသည်။

​ငွေ​ကြေး​ဈေးကွက်တွင်ကျပ်ငွေတန်ဖိုးကျဆင်းပြီး နိုင်ငံခြားငွေများကို ဝယ်ယူသူများနေသော်လည်း ရောင်းသူမရှိကြောင်းလည်း ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ (ဇူလိုင် ၃၀ ရက်)တွင် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၅၃၅၀ အထိမြင့်တက်လာပြီး အခြားနိုင်ငံခြားငွေဈေးများလည်း မြင့်တက်လာသည်ဟုအထက်ပါ ငွေလဲကောင်တာပိုင်ရှင်ကပြောသည်။

“ဈေးနှုန်းဆိုတာသတ်မှတ်ချက်မရှိတော့ပါဘူး။ ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြစ်နေပါတယ်။ အခုအခြေအနေက ဝယ်ချင်သူများပြီး ရောင်းမယ့်သူမရှိဘူးဖြစ်နေတယ်”ဟု အခြားငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ဇူလိုင် ၃၀ ရက်​​နေ့ ငွေလဲနှုန်းတွင် စင်ကာပူတစ်ဒေါ်လာကို ၁၈၉၀ ကျပ်၊ ထိုင်း တစ်ဘတ်ကို ၁၄၆ ကျပ်၊ မလေးရှား တစ်ရင်းဂစ်ကို ၁၁၂၀ကျပ်၊ တရုတ်ငွေ တစ်ယွမ်ကို ကျပ် ၇၁၅ကျပ်အထိမြင့်တက်လာသည်။

ငွေလဲဈေးကွက်တွင် ဇူလှိုင် ၂၉ ရက်က တစ်ဒေါ်လာကို ကျပ် ၅၂၀၀ ၊ စင်ကာပူတစ်ဒေါ်လာလျင် ၁၈၀၀ ကျပ် ၊ထိုင်းငွေ တစ်ဘတ်ကို ၁၄၀ကျပ်၊ မလေးရှား တစ်ရင်းဂစ်ကို ၁၀၈၅ကျပ် ၊ တရုတ်ငွေတစ်ယွမ်ကို ၆၉၆ကျပ်ရှိခဲ့ပြီး ​ဈေးဆက်တက်ခဲ့ခြင်းဖြစ်သည်။

“အဝယ်များတာ ဒေါ်လာနဲ့ ထိုင်းဘတ်ဘဲ။ ဒီနေ့တရက်ထဲကို အဝယ်လိုက်နေကြတာ။”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။

​ဒေါ်လာနည်းတူ အခေါက်ရွှေဈေးမှာလည်း ဈေးနှုန်းမြင့်တက်နေပြီး တစ်ကျပ်သားကို ကျပ် ၆၇ သိန်းအထိ ပေါက်ဈေးရှိနေသည်ဟုလည်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ကျပ်ငွေတန်ဖိုးထိုးကျပြီး နိုင်ငံစီးပွားရေးမတည်ငြိမ်ဖြစ်နေချိန်တွင် စစ်ကောင်စီက ဩဂုတ်၁ ရက်မှ စတင်ပြီး ၎င်းတို့လက်အောက်ခံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများကို ကျပ် ၃၀,၀၀၀ စီတိုးမြှင့်ပေးခဲ့သည်။

သို့​သော် ဇွန်လအတွင်း ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများကို လစာတိုးမြှင့်ပေးခဲ့သည့်အ​ကြောင်းပြချက်ဖြင့် ဈေးဆိုင်ပိုင်ရှင် နှင့် ကုမ္ပဏီ ပိုင်ရှင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီကဖမ်းဆီးခဲ့​သေးသည်။ စစ်ကောင်စီဖမ်းဆီးသည့်အထဲတွင် ကော်ဖီဆိုင်၊ မိုဘိုင်းဖုန်းဆိုင်၊ စားသောက်ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပါဝင်ခဲ့ပြီး အချို့ဆိုင်များကို ချိတ်ပါပိတ်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။

သတင်း

ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။