Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ်တွင် PDF များ လမ်းပိုင်းစစ်ဆေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ လမ်းမများပေါ်တွင် ခရီးသွားယာဥ်များအား နွားထိုးကြီး PDFက စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

နွားထိုးကြီး PDFအဖွဲ့ရဲဘော်များ မော်တော်ယာဥ်များအား စစ်ဆေးနေစဥ်။ ဓာတ်ပုံ - NPDF

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ လမ်းမများပေါ်တွင် ခရီးသွားယာဥ်များအား နွားထိုးကြီး PDFက စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(ဇူလိုင် ၃၀ရက်)မှစတင်ကာ နွားထိုးကြီးမြို့နယ်နှင့် ဆက်စပ်နေသော လမ်းမများပေါ်တွင် စစ်ဆေးမှုများ ပြုလုပ်နေပြီး ယာဥ်များအနေဖြင့် မောင်းပြေးခြင်းမပြုဘဲ ကြည်ဖြူစွာ လက်ခံပေးကြရန်နှင့် ချမှတ်ထားသော စည်းကမ်းများကို လိုက်နာပေးကြပါရန် မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း Natogyi People Defence Force အဖွဲ့က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

“အဓိက စခများက အိမ်စီးကားများအသုံးပြုပြီး သွားလာကြတာဖြစ်လို့၊ နောက်တစ်ချက်က စကစ ထုတ်ကုန်တွေ တင်ပို့မှုတွေပါ စစ်ပါတယ်”ဟု နွားထိုးကြီး PDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေနှင့် စစ်ကောင်စီ၏ ​တိုက်ခိုက်မှုများအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန် နေထိုင်ရမည့်အချက်များကိုလည်း အသိပညာပေးခဲ့ကြောင်း နွားထိုးကြီး PDFက ပြောသည်။

နွားထိုးကြီးမြို့နယ်သည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးအားကောင်းရာဒေသတခုဖြစ်ပြီး စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းများ မကြာခဏခံနေရသည်။

နွားထိုးကြီး PDFကလည်း စစ်ကောင်စီအား တန်ပြန်တိုက်ခိုက်နေပြီး ဇူလိုင်(၂၉ရက်)နံနက်ပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်၌ စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်ရာ စစ်ကားတစ်စီးမီးလောင်ပျက်စီးပြီး ကားပေါ်ပါ စစ်အုပ်စုထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ