Connect with us

Hi, what are you looking for?

သတင်း

လားရှိုးစစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရမှု ရုပ်သံထွက်ပေါ်

ကိုးကန့်တပ်ဖွဲ့(MNDAA)က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် လားရှိုးမြို့သို့ တန့်ယန်းမြို့ဘက်မှ စစ်ကူပို့လာသည့် စစ်ကောင်စီယာဉ်တန်းကို MNDAAက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဉ်များထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့တွင် ရုပ်သံမှတ်တမ်း ဖော်ပြသည်။

ဟန်နွေ/People’s Spring

ကိုးကန့်တပ်ဖွဲ့(MNDAA)က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် လားရှိုးမြို့သို့ တန့်ယန်းမြို့ဘက်မှ စစ်ကူပို့လာသည့် စစ်ကောင်စီယာဉ်တန်းကို MNDAAက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဉ်များထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့တွင် ရုပ်သံမှတ်တမ်း ဖော်ပြသည်။

အဆိုပါ စစ်ယာဉ်တန်းကို ဇူလိုင် ၃၀ရက် နံနက်က လားရှိုးမြို့နယ် မန်ပန်နှင့် ဟိုနားရွာကြားတွင် MNDAAနှင့် BPLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြီး စစ်ကောင်စီတပ်သား ၃၀ဦးကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1216896486113108

ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် ထိခိုက်ပျက်စီးနေသည့် ယာဉ်နှင့် သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်းများကို ယနေ့ ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။

ရုပ်သံမှတ်တမ်းတွင် ပျက်စီးနေသည့် ယာဉ်၆စီးကို လမ်းမပေါ်၌ တွေ့ရပြီး အဆိုပါ ယာဉ်အများစု မီးလောင်ကာကားပေါ်တွင်လည်း မီးလောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းများကို တွေ့ရသည်။

စစ်ရေးသတင်းရင်းမြစ်၏ ပြောပြချက်အရ အဆိုပါယာဉ်တန်း၌ကား ၈စီးပါရှိပြီး ၈စီးလုံးမီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

” တန့်ယန်းကနေ လားရှိုးကို စစ်ကူသွားတဲ့ စခတွေ MNDAA နဲ့ BPLAက လမ်းတဝက်မှာစောင့်ပြီး တီးထည့်လိုက်တာ။ ၃၀ကျော်သေ ၅၀ကျော်ဒဏ်ရာရ။ ကား၈စီး စလုံးပြာကျတယ်”ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

MNDAA အနေဖြင့် လားရှိုးတိုက်ပွဲသတင်း ဖြစ်စဉ် အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း မြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်အများအပြားကို သိမ်းပိုက်ထားနိုင်ပြီး မြို့ကို ထိန်းချုပ်ကာ အုပ်ချုပ်ရေးဖော်ဆောင်နေကြောင်း အသိပေးသည်။

လားရှိုးမြို့သိမ်းစစ်ဆင်ရေးကို MNDAA ပူးပေါင်းတပ်က ဇူလိုင် ၃ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီးတစ်လပြည့်တော့မည် ဖြစ်သည်။

ရုပ်သံ – စစ်ရေးသတင်းရင်းမြစ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

Facebook