Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်ရှိ ခမရ(၄၃၇)ကို KIA ဆက်လက်ထိုးစစ်ဆင်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ တပ်၏ အမှတ် ၄၃၇ ​ခြေမြန်တပ်ရင်း (ခမရ-၄၃၇)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်ဟု စစ်ရေးသတင်းရင်မြစ်က ပြောသည်။

KIA တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-KIA

ထားမြတ်/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ တပ်၏ အမှတ် ၄၃၇ ​ခြေမြန်တပ်ရင်း (ခမရ-၄၃၇)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်ဟု စစ်ရေးသတင်းရင်မြစ်က ပြောသည်။

“ မိုးမောက်ဘက်တိုက်ပွဲပြင်းထန်ဆဲပါ” ဟု သတင်းရင်းမြစ်က ယနေ့( ဩဂုတ် ၁ရက်)တွင် ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်ရင်းကို KIA၊ KPDF၊ PDFနှင့် ရက္ခိုင့်တပ်တော်(AA) ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု KIAက အသိပေးထားသည်။

KIA အနေဖြင့် ယခုနှစ် မတ်လမှ စစ်ရှိန်မြှင့်ခဲ့သည့် ထိုးစစ်အတွင်း မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းပိုက်ရရှိထားပြီး မိုးမိတ်မြို့နယ်တစ်ခုလုံး အလုံးစုံထိန်းချုပ်နိုင်ရန် ခမရ(၄၃၇)တပ်ရင်းသာ ကျန်တော့သည်။

အဆိုပါ တပ်ရင်းကို မေလမှစတင်၍ KIA ပူးပေါင်းတပ်က အကြိမ်ကြိမ်တိုက်ခိုက်ခဲ့​သော်လည်း မသိမ်းပိုက်နိုင်​သေး​ပေ။ ထို​ကြောင့် ပြီးခဲ့သည့် ဇူလိုင် ၂၄ရက်တွင် ထပ်မံ ထိုးစစ်ဆင်ခဲ့ရာ တစ်ပတ်ကျော်ကြာသည်အထိတိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။