Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ သုံးဘီးယာဉ်မောင်းကို ခရီးသည်က ဓားထိုးလုယက်

မန္တလေးမြို့မှာ သုံးဘီးယာဉ်မောင်း ကို ခရီးသည်က ဓားနဲ့ထိုးပြီး လုယက်မှု မနေ့ ဇူလိုင်လ ၃၁ရက် မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူထံကသိရပါတယ်။

မန္တလေးမြို့တွင်းပြေးဆွဲနေတဲ့ သုံးဘီးယာဉ်တွေကိုတွေ့ရစဉ် (ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေး)

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့မှာ သုံးဘီးယာဉ်မောင်း ကို ခရီးသည်က ဓားနဲ့ထိုးပြီး လုယက်မှု မနေ့ ဇူလိုင်လ ၃၁ရက် မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူထံကသိရပါတယ်။

မနက် ၄ နာရီခွဲဝန်းကျင်က ခရီးသည်အမျိုးသား ၃ ဦီး ဌားရမ်းတာကိုလိုက်ပို့ရင်းပြည်ကြီးတံခွန်မြို့နယ် ၊ ၄၉လမ်း နဲ့ ၁၂၃လမ်း အရောက်မှာလုယက်ခံရတာပါ။

Public Service Announcement

Public Service Announcement

လုယက်သူအမျိုးသား သုံးဦးက သုံးဘီးယာဉ်မောင်းကို ဓားနဲ့ထိုးပြီး သုံးဘီးကို လုယက်သွားတာလို့ သိရပါတယ်။

လုယက်ခံရသူဟာ လက်နဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာရပြီး မန္တလေးဆေးရုံကြီးမှာ ကုသမှုခံယူနေရတယ်လို့ မိသားစုနဲ့နီးစပ်သူက ဆိုပါတယ်။ မိသားစုနဲ့နီးစပ်သူရဲ့ ပြောပြချက်အရ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပုသိမ်ကြီးမြို့နယ်ထဲက အသဲစွဲတောင် အပန်းဖြေနေရာဆီ ခရီသည်လိုက်ပို့တဲ့ သုံးဘီးအငှားယာဉ်မောင်း အမျိုးသား သတ်ဖြတ်ခံရပြီး သုံးဘီး လုယက်ခံရမှုဖြစ်ပွားထားပါတယ်။

အဲဒီသုံးဘီးသမားရဲ့အလောင်းကိုတော့ပီနံအိတ်ထဲထည့်ကာလမ်းဘေးမှာတင်စွန့်ပစ်သွားတာပါ။

ပြီးခဲ့တဲ့ မေလပိုင်းတုန်းကလည်း အိမ်ရှေ့မင်းထန်းတောဘက် သုံးဘီးအငှားလိုက်သူကို သတ်ပြီး သုံးဘီးလုယူမှုဖြစ်ပွားခဲ့ပါတယ်။

သုံးဘီးယာဥ်တွေကျပ်သိန်း၁၀၀ကျော်ထိပေါက်စျေးရှိလာပြီးနောက်သုံးဘီးအငှားယာဥ်မောင်းတွေကိုသတ်ပြီး လုယက်မှုတွေ မန္တလေးမြို့မှာ ဖြစ်ပွားလာတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာအိမ်ထောင်စုတစ်စုကိုခွဲတမ်းအနေနဲ့တစ်လစားအုန်းဆီနှစ်ပိဿာခွဲရောင်းချပေးဖို့ဆီဝယ်ယူခွင့်စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကရပ်ကွက်အလိုက်လုပ်ပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။