Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့သိမ်းတိုက်ပွဲ ဟောင်ဝစ်ဇာအပါအဝင် လက်နက်မျိုးစုံ ၄၀၀ကျော် သိမ်းရဟု TNLAအသိပေး

မိုးမိတ်မြို့နယ်ရှိ တပ်စခန်းများကို ဇွန်လ ၂၇ ရက်က စတင်တိုက်ခိုက်ခဲ့ရာ လေးပတ်ကြာ ဇူလိုင် ၃၁ ရက်တွင် တပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခင်းဟု TNLAက အသိပေးသည်။

ကိုပုဂံ/People’s Spring

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းသိမ်းပိုက်နိုင်ပြီးနောက် ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၄၀၀ကျော် သိမ်းဆည်းရရှိကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ညပိုင်းတွင် အသိပေးသည်။

မိုးမိတ်မြို့နယ်ရှိ တပ်စခန်းများကို ဇွန်လ ၂၇ ရက်က စတင်တိုက်ခိုက်ခဲ့ရာ လေးပတ်ကြာ ဇူလိုင် ၃၁ ရက်တွင် တပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခင်းဟု TNLAက အသိပေးသည်။

Public Service Announcement

Public Service Announcement

မိုးမိတ်မြိုနယ်ရှိ စစ်ကောင်စီတပ်စန်းများဖြစ်သည့် (၃၄၈) ဗျူဟာကုန်း၊ ခလရ (၂၂၃)စခန်း၊ ၊ခလရ (၂၆၇)စခန်း၊ ခမရ(၃၄၈) စခန်း ကင်းချောင်းစခန်း၊ ရွှေသာယာတပ်စခန်း၊ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်း၊ လယ်ကြီးစခန်း၊ သရက်တောစခန်း၊ မိုင်တိုင်(၆)တပ်စခန်း၊ ပလက်တီနမ်၊ ဗိမ္မာန်ကျောင်းနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း TNLAက ဆိုသည်။

စစ်ကောင်စီ၏ စကခ-၂၁ (မပခ)၊ ခမရ(၃၄၈)၊ ခလရ (၂၂၃၊ ၂၇၆) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို ဇူလိုင် ၃၁ ရက်နေ့လယ်တွင် သိမ်းပိုက်ခဲ့ခြင်းဟု ထပ်မံ အသိပေးထားသည်။

မိုးမိတ်မြို့သည် စစ်ကောင်စီ စကခ(၂၁)လက်အောက်ခံ တပ်ဖြစ်သည့် ခလရ(၂၂၃၊ ၂၇၆)နှင့် ခမရ(၃၄၈)တို လာရောက်ထိုးစစ်ဆင်စခန်းချသည့် မြို့ဟုလည်း ဆိုသည်။

မိုးမိတ်တပ်စခန်းများ တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၂၉)ကြိမ်၊ Y12 လေယာဥ် (၃၈)ကြိမ်၊ Y12 ဖြင့် လက်နက်ခဲယမ်းများ ကြဲချမှု (၁၄)ကြိမ်၊ လက်နက်ကြီးဖြင့် (၂၂၁) ကြိမ်၊ ပေါင် ၅၀၀ ဗုံး (၁)လုံး နှင့် အတွဲလိုက်ဒုံး(၁၈)လုံး အသုံးပြုတိုက်ခိုက်ခဲ့သည်ဟုလည်းထပ်မံ အသိပေးထားသည်။

သိမ်းဆည်းရရှိသော စစ်ကောင်စီ၏ လက်နက်ခဲယမ်းများမှာ ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၂၅၀)လက်၊ 120 MM (၁)လက်၊ 60 MM (၁၉)လက်၊ 81 MM (၉)လက်၊ ပွိင်းဖိုက်(၃)လက်၊ RPG (၁၆)လက်၊ ဂျမ်းပါ (၂)စုံ၊ စိန်ပြောင်းနောက်ပွင့် (၂)လက်၊ လေယာဉ်ပစ်လက်နက် (၁)လက်၊ ပစ္စတို (၃)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများ ရှင်းလင်းသိမ်းဆည်းရမိပြီးဖြစ်သည်။ မိုးမိတ်မြိုနယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ (၄၀၀) ကျော် သိမ်းဆည်းရမိခဲ့သည်ဟု TNLAက ထုတ်ပြန်ထားသည်။

ထို့အပြင် တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မိုးမိတ်ဒေသခံ သုံးဦး သေဆုံးခဲ့ပြီး (၁၂) ဦး ဒဏ်ရာရ၊ စာသင်ကျောင်း (၂)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်ဆီးခြင်း နှင့် လူနေအိမ် ငါးလုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း တအာင်းတပ်မတော် TNLA မှ နောင်ချိုမြိုနှင့် မိုးကုတ်မြို့ တိုကို သိမ်းပိုက်ခဲ့ပြီး၊ တတိယသိမ်းပိုက်ရရှိသည့် မြို့အဖြစ် မိုးမိတ်မြို့ကို အလုံးစုံထိန်းချုပ်ထားပြီးဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးမိတ်မြို့နယ်က သစ်ဆိမ့်ကုန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အနည်းဆုံး နေအိမ် ၅လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။