Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးမြို့နယ်တိုက်ပွဲ ဒုဗိုလ်မှူးကြီးအောင်မင်းကိုအပါအဝင် စစ်သုံ့ပန်း ၂၉ဦးဖမ်းဆီးရမိ၊ ပျူစောထီး ၁၀၀ လက်နက်ချအညံ့ခံ

ဒုဗိုလ်မှူးကြီး အောင်မင်းကိုအပါအဝင် စစ်သားနှင့် ရဲ ၂၉ဦးကို ဖမ်းဆီးရမိပြီ ရေတော်နှင့် ထုံးကြီးကျေးရွာအနီးမှ လက်နက်ကိုင် ပျူစောထီး ၁၀၀ လက်နက်ချအညံ့ခံခဲ့ကြောင်း မိုးကုတ် ဗျူဟာ အမှတ်(၁၂၂)တပ်ရင်း၏ တပ်ရင်းမှူး ကိုဒိုလေးက ပြောသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဓာတ်ပုံ ၁၂၂၂ တပ်ရင်း

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ဒုဗိုလ်မှူးကြီး အောင်မင်းကို အပါအဝင် စစ်သားနှင့် ရဲ စစ်သုံ့ပန်း ၂၉ဦး ဖမ်းဆီးရမိပြီး ပျူစောထီး ၁၀၀ လက်နက်ချအညံ့ခံခဲ့ကြောင်း မိုးကုတ်ဗျူဟာ အမှတ် (၁၂၂)တပ်ရင်း၏ မိုးကုတ်ဗျူဟာအလုပ်အမှုဆောင်အဖွဲ့ဝင်အမှတ် (၁၂၂) တပ်ရင်း၏ တပ်ရင်းမှူး ကိုဒိုလေးက ပြောသည်။

ဒုဗိုလ်မှူးကြီး အောင်မင်းကိုအပါအဝင် စစ်သားနှင့် ရဲ ၂၉ဦးကို ဖမ်းဆီးရမိပြီ ရေတော်နှင့် ထုံးကြီးကျေးရွာအနီးမှ လက်နက်ကိုင် ပျူစောထီး ၁၀၀ လက်နက်ချအညံ့ခံခဲ့ကြောင်း မိုးကုတ် ဗျူဟာ အမှတ်(၁၂၂)တပ်ရင်း၏ တပ်ရင်းမှူး ကိုဒိုလေးက ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်သားနဲ့ရဲကတော့ မန္တလေး PDFကို လွှဲပြောင်းပေးလိုက်ပါတယ်။ ပျူစောထီးတွေကိုတော့ ပကဖကို လွှဲပြောင်းပေးလိုက်ပါတယ်။ စစ်ဆေးစရာရှိတာတွေ စစ်ဆေးပြီး အမှုတွေတည်ဆောက်ပြီးတော့ အပိုင်းအပိုင်းခွဲခြားပြီးတော့ လွှဲပြောင်းပေးလိုက်ပါတယ်”ဟု အမှတ်(၁၂၂၂)တပ်ရင်း၏ တပ်ရင်းမှူးက ပြောသည်။

လက်နက်ချအညံ့ခံခဲ့သော ပျူများထံမှ MA1 သေနတ် ၁၁လက်၊ M22 သေနတ် တစ်လက်၊ ပါရီ သေနတ် တစ်လက် ၊ ကာဘိုင်သေနတ် ၂၈ လက် ၊ လက်လုပ်သေနတ် ၃၂လက်၊ ခဲယမ်း မီးကျောက်များ ၊ ကျည်ဆံများနှင့် စစ်ဝတ် ဝတ်စုံများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စဥ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများအား မန္တလေး PDFနှင့် ပူးပေါင်းတပ်များက ဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။