Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့သိမ်းတိုက်ပွဲ အောင်ပွဲရTNLA ရဲဘော်များအား မြို့ခံများကြိုဆို

ရှမ်းမြောက်ရှိ မိုးမိတ်မြို့ကို အလုံးစုံသိမ်းပိုက်ခဲ့သည့် တအာင်းတပ်မတော်(TNLA) ရဲဘော်များအား မြို့ခံများကကြိုဆိုခဲ့ကြောင်း စစ်မြေပြင်မှ TNLA ရဲဘော်က ဓာတ်ပုံမှတ်တမ်း ဖော်ပြသည်။

ဓာတ်ပုံ - Mai A Hein

ဟန်နွေ/People’s Spring

ရှမ်းမြောက်ရှိ မိုးမိတ်မြို့ကို အလုံးစုံသိမ်းပိုက်ခဲ့သည့် တအာင်းတပ်မတော်(TNLA) ရဲဘော်များအား မြို့ခံများကကြိုဆိုခဲ့ကြောင်း စစ်မြေပြင်မှ TNLA ရဲဘော်က ဓာတ်ပုံမှတ်တမ်း ဖော်ပြသည်။

TNLA ပူးပေါင်းတပ်များသည် မိုးမိတ်မြို့ကို ဇူလိုင် ၃၁ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၄၀၀ကျော် သိမ်းဆည်းရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

” မိုးမိတ်မှာတော့ ပြည်သူအင်အားနည်းတယ်။ ဒါပေမဲ့ ပီတိဖြစ်ရပါတယ်”ဟု TNLA ရဲဘော်က ဓာတ်ပုံမှတ်တမ်းများ ဖော်ပြရေးသားထားသည်။

အဆိုပါ ရဲဘော်သည် မိုးကုတ်မြို့သိမ်းတိုက်ပွဲအပြီးပြည်သူများက တော်လှန်ရေးရဲဘော်များအား ကြိုဆိုသည့် မှတ်တမ်းဓာတ်ပုံများကိုလည်းပထမဆုံး အသိပေးဖော်ပြခဲ့သူဖြစ်သည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)၏ တစ်လကျော်အကြာတွင် နောင်ချို၊မိုးကုတ်၊မိုးမိတ်မြို့များကို အလုံးစုံ သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ များစွာသိမ်းပိုက်ရရှိခဲ့ရာ ဟောင်ဝစ်ဇာအမြောက်နှင့်လေယာဉ်ပစ်စက်သေနတ်အချို့လည်းပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူမှာ စစ်ရေးတင်းမာနေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ စစ်တပ်က စစ်မှုထမ်းစေခိုင်းဖို့အတွက် အတင်းအဓမ္မလူသစ်စုဆောင်းမှုနဲ့ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့နယ်၊ရွှေတောကျေးရွာဘက်ကိုစစ်တပ်ကလေကြောင်းက​နေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။