Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့သိမ်းတိုက်ပွဲ ​အောင်ပွဲရ ရဲဘော်များကို ပြည်သူများက သပြေပန်းများဖြင့် ကြိုဆို

မိုးမိတ်မြို့သိမ်းတိုက်ပွဲအပြီး မြို့အတွင်းဝင်လာသော ရဲဘော်များကို မြို့ခံပြည်သူများက အောင်သပြေများနှင့် ကြိုဆိုအားပေးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က အသိပေးသည်။

အောင်ပွဲနှင့်ပြန်လာသော PLA ရဲဘော်များကို ပြည်သူများက ကြိုဆိုနေကြစဥ်။ ဓာတ်ပုံ-ပေးပို့

အာရုဏ်ဦး/People’s Spring

မိုးမိတ်မြို့သိမ်းတိုက်ပွဲအပြီး မြို့အတွင်းဝင်လာသော ရဲဘော်များကို မြို့ခံပြည်သူများက အောင်သပြေများနှင့် ကြိုဆိုအားပေးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က အသိပေးသည်။

တအာင်းတပ်မတော်(PSLF/TNLA)နှင့် တော် လှန်ရေးပူးပေါင်းတပ်များက မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများကို ယမန်နေ့(ဇူလိုင် ၃၁ ရက်)မွန်းလွဲ ၁နာရီတွင် အလုံးစုံဝင်ရောက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ယနေ့(သြဂုတ် ၁ ရက်)တွင် တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနက် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲဘော်များ အောင်ပွဲနှင့်အတူ မြို့အတွင်းဝင်လာစဥ် ပြည်သူများက အထက်ပါအတိုင်း ကြိုဆိုခဲ့ကြခြင်း ဖြစ်သည်။

“ပြည်သူတွေက အရမ်းကိုဝမ်းသာပြီးတော့ ပျော်ပြီး သနတ်ခါးတွေပါ လိမ်းပေးကြတာ အကုန်လုံးလည်း သနတ်ခါးတွေဖွေးနေတာ။ ပြည်သူက ခုလိုအားပါးတရကြိုဆိုတော့ ကျနော်တို့လည်း အမောပြေခဲ့ရပါတယ်”ဟု PLA တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးမိတ်မြို့နယ်ရှိ တပ်စခန်းများကို TNLA ပူးပေါင်းတပ်မှ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) အဖြစ် ဇွန်လ ၂၇ ရက်မှစတင်တိုက်ခိုက်ခဲ့ပြီး၊ သီတင်းပတ် (၄)ပတ်အကြာ ဇူလိုင် ၃၁ ရက်တွင် စစ်ကောင်စီတပ်စခန်းများအားလုံးကို ရှင်းလင်းသိမ်းပိုက်ခဲ့သည်။

အထက်ပါ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်မျိုးစုံ ၄၀၀ကျော် သိမ်းဆည်းရမိခဲ့ကြောင်းလည်း TNLA က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူမှာ စစ်ရေးတင်းမာနေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ စစ်တပ်က စစ်မှုထမ်းစေခိုင်းဖို့အတွက် အတင်းအဓမ္မလူသစ်စုဆောင်းမှုနဲ့ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့နယ်၊ရွှေတောကျေးရွာဘက်ကိုစစ်တပ်ကလေကြောင်းက​နေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook