Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးတိုက်ပွဲအတွင်း ပုန်းနေသည့် နောက်ထပ်ပျူခေါင်းဆောင်တစ်ဦး ဖမ်းမိ

ဧရာဝတီမြစ်လယ်ရှိ ရွာသာယာစခန်းကို အမှတ်(၅၁၂) PDF တပ်ရင်း၊ စဉ့်ကူးပကဖနှင့် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ဇူလိုင် ၂၅ ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

စဉ့်ကူမြို့နယ် ရွာသာယာစခန်းသိမ်းတိုက်ပွဲဝင် ပြည်သူ့ကာကွယ်ရေးရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

ယောနသံ၊ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ရှိ နာမည်ကျော် ပျု‌စောထီးရွာဖြစ်သော ရွာသာယာကျေးရွာစခန်းသိမ်းတိုက်ပွဲအတွင်း ငါးရက်ကြာ ပုန်းအောင်းနေသည့် ပျူစောထီးခေါင်းဆောင်တစ်ဦးကို အစာရေစာပြတ်လပ်သည့် ပုံစံဖြင့် အရှင်ဖမ်းမိခဲ့သည်။

ဧရာဝတီမြစ်လယ်ရှိ ရွာသာယာစခန်းကို အမှတ်(၅၁၂) PDF တပ်ရင်း၊ စဉ့်ကူးပကဖနှင့် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ဇူလိုင် ၂၅ ရက်တွင် တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇူလိုင်၃၀ရက်တွင် ရွာသာယာကျေးရွာသို့ သွားရောက်၍ ‌နယ်မြေရှင်းလင်းစဉ် ပျူစောထီးခေါင်းဆောင်အောင်မင်းဆိုသူ ထပ်မံဖမ်းမိခြင်းဟု ‌ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“စခန်းသိမ်းပြီး ၅ရက်အကြာမှာ နယ်မြေသွားရှင်းတော့ ပုန်းနေရာကနေ ထွက်လာတာ။ ငါးရက်လုံးအစာမစားရတော့ အဟာရပြတ်နေပြီ။ သူ့ကိုယ်သူလည်း အောင်မင်းမဟုတ်ဘူးလို့ ညာသေးတာ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ရွာသာယာရွာပျူစောထီးခေါင်းဆောင် (၅၀) အရွယ်အောင်မင်းအား ယခုအခါ ကျန်းမာရေးစောင့်ရှောက်မှုပေးနေရသည်။

အောင်မင်းသည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းအပါအဝင် ရာဇဝတ်မှုများကျူးလွန်ခဲ့ကြောင်း စဉ့်ကူးဒေသခံများက ပြောသည်။

ရွာသာယာကျေးရွာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီနှင့်ပျူ‌စောထီးအဖွဲ့ဝင် ၅၀ထက် မနည်းသေဆုံးခဲ့ပြီး ပျူ စောထီးနှင့် မိသားစုဝင်၄၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခေါ်ယူထိန်းသိမ်းထားသည်။

ဖမ်းမိထားသော ပျူစောထီးများ၏ ကျူးလွန်ခြင်းခံရသူများအနေဖြင့် အမှုတစ်ခုချင်းစီအလိုက် လာရောက်အသိပေး တိုင်ကြားရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒေသခံများအသိပေးထားသည်။

ဇူလိုင် ၁၈ရက်ကလည်း စဉ့်ကူးမြို့သိမ်းတိုက်ပွဲမှ ရေတော်ပျူခေါင်းဆောင် ငနိုင် ၊ ဒိုးပင်ကုန်းဇီးပင်ကုန်း ပျူခေါင်းဆောင်ထွန်းလင်း စသည့် ပျူခေါင်းဆောင်များနှင့် ပျူစောထီးများ စုစုပေါင်း ၂၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂) တပ်ရင်းက အသိပေးထားသည်။

၎င်းတို့အနက် ပျူခေါင်းဆောင်ငနိုင်ကိုမူ ပြည် သူများရှေ့၌ (၁၂၂၂)တပ်ရင်းမှ တပ်ရင်းမှူး ၊တပ်ရေးဗိုလ်၊စစ်ကြောင်းမှူး ၊ စခန်းမှူး ၊ IOတို့မှ စစ်ဆေးခဲ့သည်။

ဖမ်းဆီးရမိသူများတွင် စစ်ကောင်စီဒုဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်မှူးတစ်ဦး၊ဗိုလ်ကြီး လေးဦး၊ဗိုလ် တစ်ဦး၊ တပ်ကြပ်ကြီး လေးဦး၊ဒုတပ်ကြပ်ကြီး လေးဦး၊ တပ်ကြပ်နှစ်ဦး၊တပ်သား ကိုးဦး၊ လက်ပံလှနှင့် စဥ့်ကူးမြို့မှ စခန်းမှူးနှစ်ဦးလည်း ပါဝင်သည်။

စဉ့်ကူးမြို့ကို ဇူလိုင် ၁၇ ရက်တွင် မန္တလေး PDFဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ စဥ့်ကူးမြို့အား ပြန်လည်တိုက်ခိုက်ရန်စစ်ကောင်စီက ပြင်ဆင်နေပြီး စဉ့်ကူးမြို့တဖက်ကမ်း သပိတ် ကျင်းမြို့နယ် မခေါက်ကျေးရွာ၌ တပ်စွဲထားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊နွယ်ရုံကျေးရွာက ထမင်းဆိုင်ရှင်အပါအဝင်ဒေသခံ ၅ ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့သေဆုံးသွားပြီး နောက် စစ်တပ်က ဒေသခံပြည်သူ တွေကိုဝင် ရောက်ဖမ်းဆီး​နေတာ​ကြောင့် ၅ဦးထပ်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လင်မယား ၂ဦး ထိမှန်ပြီး ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာကို စစ်တပ်က လက်နက်ကြီးဗုံးသီးတွေကို ဒရုန်းမှာ တပ်ကာ ဗုံးကြဲခဲ့တာမို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။