Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို KIA သိမ်းပိုက်

မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်က ယမန်နေ့(ဩဂုတ် ၁ရက်)တွင်စတင်ထိုးစစ်ဆင်ခဲ့ရာ ယနေ့တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

တီယန်ဇွပ်ကျေးရွာ (ဓာတ်ပုံ - KW)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နယ်တီယန်ဇွပ် ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို ယနေ့(ဩဂုတ် ၂)နံနက်တွင် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်က ယမန်နေ့(ဩဂုတ် ၁ရက်)တွင်စတင်ထိုးစစ်ဆင်ခဲ့ရာ ယနေ့တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းဒေသ၌ စစ်ကောင်စီစခန်း ၃ခုရှိသည့်အနက် တပ်စခန်း ၂ခုကို ယနေ့နံနက် ၈နာရီကျော်တွင် သိမ်းရပြီးကျန် တစ်ခုကို ၉နာရီနောက်ပိုင်းတွင် သိမ်းနိုင်ခဲ့ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

” အားလုံးကတော့ အပြီးအစီးသိမ်းရပါပြီ။ အဲဒီ စခန်းတွေက မြစ်ကြီးနားဆွမ်ရာဘွမ်ကားလမ်းပေါ်မှာတည်ဆောက်ထားတဲ့စခန်းဖြစ်ပါတယ်။လမ်းလုံခြုံရေးယူထားတဲ့စခန်းလည်းဖြစ်ပါတယ်။နောက်စက်လှေနဲ့မလိခမြစ်ကိုတက်သွားတဲ့ဆင်းသွားတဲ့လမ်းကြောင်း လမ်းခွဲနေရာလည်းဖြစ်ပါတယ်။အဲဒီကနေကျနော်တို့KIA တပ်မဟာ(၁) နယ်မြေဘက်ကိုတက်သွားတဲ့ စက်လှေတွေအားလုံးကအဲဒီနေရမှာစစ်ဆေးခံရတာ ပြည်သူလူထုသွားလာတဲ့နေရာမှာ လည်းသူတို့ကစစ်ဆေးပြီးမှအမြဲတမ်းငွေတွေတောင်းတာ အနှောက်အယှက်ပေးတာ။ တော်တော်လည်းပြည်သူလူထုအတွက် အနှောက်အယှက်ပေးတဲ့ စခန်းတွေဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မြစ်ကြီးနား -ဆွမ်ပရာဘွမ်လမ်း၌ စစ်ကောင်စီတပ်စခန်းအချို့ဆက်ကျန်နေသေးပြီး ယနေ့တွင် အင်ဆွပ်ဇွပ် စစ်ကောင်စီစခန်းအား စတင်တိုက်နေပြီလားဆိုသည်ကို စုံစမ်းဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တီယန်ဇွပ်တပ်စခန်းသိမ်းတိုက်ပွဲများအတွင်း လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ကလည်း အသိပေးသည်။

KIA သတင်းပြန်ကြားရေးဌာနကလည်း တီယန်ဇွပ်စခန်းအား KIA တပ်မဟာ(၁) ပူးပေါင်းတပ်က တိုက်ခိုက်နေမှုကို ယမန်နေ့ညပိုင်းက အသိပေးထားသည်။

ခလရ(၅၈) တပ်ဖွဲ့ဝင်များအထိုင်ချထားသည့် တီယန်ဇွပ်ကျေးရွာမှ စစ်ကောင်စီတပ်များသည် ခရီးသွားပြည်သူများကို တင်းကြပ်စွာစစ်ဆေးခြင်း၊အခွန်မတရားတောင်းခံခြင်း ပြလုပ်နေသည့်တပ်စခန်းများဖြစ်ကြောင်း ဖော်ပြသည်။

ထို့ပြင် အဆိုပါတပ်များသည် မြစ်ကြီးနား -ဆွမ်ပရာဘွမ်လမ်း၌ စစ်ရေးလှုပ်ရှားမှုများရိသကဲ့သို့ပူတာအိုဘက်မှလည်း ဆွမ်ပရာဘွမ်ဘက်သို့စစ်အင်အားဖြည့်တင်းမှုများလုပ်ဆောင်ခဲ့၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။